
နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏ အာဆီယံ ဥက္ကဋ္ဌရာထူးလွှဲပြောင်းရယူမည့် အာဆီယံထိပ်သီးအစည်းအဝေး ခရီးစဉ်တွင် သမ္မတ၏ ပြည်ပခရီးစဉ်များတစ်လျှောက် လိုက်ပါ ခြင်းမရှိခဲ့သော ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းသည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတ၏ အာဆီယံထိပ်သီးအစည်းအဝေး ခရီးစဉ်တွင် လိုက်ပါသွားကြောင်း သိရသည်။
''သမ္မတကြီးဦးသိန်းစိန်က ဒီအစည်းအဝေးမှာ အာဆီယံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကြီးဦးသိန်းစိန် ဇနီးဒေါ်ခင်ခင်ဝင်းက သမ္မတကြီးရဲ့ ပြည်ပခရီးစဉ် တွေထဲမှာ ပထမဆုံးအကြိမ် အဖြစ် လိုက်ပါသွားတာဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ဦး ဆောင်သည့် ချစ်ကြည်ရေး ကိုယ် စားလှယ် အဖွဲ့သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန် မြို့၌ အောက်တိုဘာ ၉ရက်နှင့် ၁ဝရက်များတွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေ တက်ရောက်ရန် အောက်တိုဘာ ၈ ရက်က ထွက်ခွာသွား ခဲ့ခြင်းဖြစ်သည်။
အာဆီယံထိပ်သီးအစည်း အဝေးသို့ အာဆီယံနိုင်ငံများအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့ တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။
YangonMedia
0 comments:
Post a Comment