ရန်ကုန်တိုင်းအတွင်းက
ဒဂုံအရှေ့စက်မူဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် မြန်မာဟန်းဆန်း
အထည် ချုပ် လုပ်သားတွေရဲ့ တောင်းဆိုချက် ၁၇ ချက်ကို အလုပ်ရှင်ဘက်က ဒီနေ့
သဘောတူညီလိုက်ပါတယ်။
အလုပ်သမား ၁၇၀ ကျော်ဟာ မနေ့က
စတင်ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး ဒုတိယမြောက်နေ့မှာ
အလုပ် သမားခေါင်းဆောင်တွေ၊ အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတွေ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ် တာဝန်ရှိသူတွေ အလုပ်ရှင်နဲ့
ညှိနှိုင်းခဲ့တဲ့အတွက် သဘောတူညီချက်ရခဲ့တာလို့ အလုပ် သမားခေါင်းဆောင်တွေ က
ပြောပါတယ်။
DVB TV News
0 comments:
Post a Comment