Tuesday, October 29, 2013

အမြန်လမ်းမကြီးပြွန်ပေါက်အတွင်း တွေ့ရှိရသည့် အမျိုးသမီးအလောင်းနှင့် ပတ်သတ်၍ ရဲစခန်းအသီးသီးသို့ အကူအညီတောင်းခံ

ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉/ ၄) နှင့် (၁၁၉/၅) အကြားြ>ွပန်ပေါက် အမှတ် (၁၂ဝ/၂) အတွင်းဒဏ်ရာ များနှင့် ပုပ်ပွနေသည့် အမျိုးသမီး အလောင်းနှင့်ပတ်သက်၍ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ဖြူးအမြန် လမ်းရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင် ရဲစခန်းများသို့ ကူညီစုံစမ်း ပေးနိုင်ရန် အကြောင်းကြားထား ကြောင်း သိရသည်။

အမှုမှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က အထက် ဖော်ပြပါနေရာတွင် ပုပ်ပွနေသော အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်းသတင်းအရ ဖြူး အမြန်လမ်းရဲစခန်းက တာဝန်ယူ၍ ဒုရဲအုပ်ဝင်းနိုင် ဦးစီးရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ အမည်၊ နေရပ် မသိရသော ပုပ်ပွနေသည့် အမျိုးသမီး အလောင်းကို ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေ ကြောင်းတွေ့ရပြီး လက် ချောင်း ၊ ခြေချောင်းများမှာ ပျက်စီးနေ သည်ကို တွေ့ရသည်။

သေဆုံးသူ အမျိုးသမီးမှာ အရပ် ၅ ပေ ၃ လက်မခန့်၊ ဆံပင်နက်ပြီး ကျောအထိရှည်လျား၍ နီညိုရောင် အမျိုးသမီးရုပ်ပုံပါ တီရှပ်အင်္ကျီ ဝတ်ဆင်ထားသည်။ နီညိုရောင်ဆွယ် တာ၊ ဒူးကပ်ဘောင်းဘီ ဝတ်ဆင်ထား ပြီး အခင်းဖြစ်နေရာဝန်းကျင်မှ မိန်းမ စီးအနက်ရောင် ကတ္တီပါဖိနပ်တစ်ရန် ကိုတွေ့ရှိခဲ့၍ ဖြူးအမြန်လမ်း ရဲစခန်း က အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိပြီး မြို့နယ်များရှိ ရဲစခန်းအလိုက် လူပျောက်ဆုံးမှု ရှိ မရှိ ကူညီစုံစမ်း ပေးနိုင်ရန် သတင်းဖြန့်ဝေထား ကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment