Tuesday, October 15, 2013

သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ ၃ဦး ပြန်လည်လွတ်ပေး


ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီကျောက်ဖြူထောင် မှာ ဖမ်းဆီး ခံထားရတဲ့ ရခိုင်တိုင်းရင်းသား ၁၇ဦးထဲက ၃ဦးကို မနေ့ ညနေပိုင်းက ပြန်လွတ်ပေးလိုက် တယ်လို့ သိရပါတယ်။

သံတွဲမြို့မှာ စက်တင်ဘာ ၂၉ရက်နေ့က ဗုဒ္စဘာသာသာသနာအလံပါတဲ့ သုံးဘီးဆိုင်ကယ် ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကမန်မွတ်စလင် အမျိုးသားတစ်ဦးနဲ့ ရခိုင်ဒေသခံ တစ်ဦးတို့ကြား အငြင်းပွားမှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေလို့ သံသယရှိတဲ့သူတွေကို ဖမ်းဆီးမှု တွေပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

သံတွဲပဋိပက္ခ နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၈ရက်ကနေ အောက်တိုဘာ ၁၃ရက်အတွင်းမှာ လူ ပေါင်း ၇၈ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပြီးတော့ ပဋိပက္ခအတွင်းမှာ သေဆုံးသူ ၇ဦး ဒဏ်ရာရသူ ၅ဦး၊ လူနေအိမ် ၁၁၂လုံး၊ ဘာသာရေးအဆောက်အအုံ ၃လုံး၊ ဆီဂိုဒေါင် ၁လုံးမီးလောင်ပျက်စီးခဲ့ပြီး လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ မနေ့ကထုတ်တဲ့ ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

ကျောက်ဖြူထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူမျိုး ၃ဦး ပြန်လည် လွတ်မြောက်လာ တာနဲ့ ပတ်သပ်ပြီး သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဌ ဆရာတော်တစ်ပါးက အခုလိုမိန့်ကြားခဲ့ပါတယ်။

“ဒီနေ့ကျောက်ဖြူထောင်ထဲက ၃ယောက်လွတ်မြောက်လာတယ်ပေါ့၊ တယောက်ကတော့ ရှင်းရှင်း လင်းလင်း လွတ်ပေးလိုက်ပြီးတော့ ကျန်တဲ့ ၂ယောက်ကတော့ ကြိုးခြေကျင်းနဲ့ ပြန်လွတ်ပေး တယ်လို့ မြင်ပါတယ်၊ အာမခံ ၂ယောက်ပေးရပါတယ်သူတို့ကို အချိန်မရွေး ပြန်ဖမ်းနိုင်တယ်
ဆိုတဲ့အကြောင်းပေါ့၊ ၀င်းကိုလေးဆိုတဲ့ ဒကာတယောက်ကတော့ သူကတော့ ဘာမှအာမခံပေး စရာမလိုပဲ လွတ်လွတ်ရှင်းရှင်းလွတ်လာတဲ့သဘောပေါ့။”

ပြန်လွတ်လာတဲ့ ၃ယောက်ထဲမှာ ဦးဝင်းကိုလေးက သံတွဲမြို့နာရေးကူညီမှုအသင်းကဖြစ်ပြီး ကျန်တဲ့ ၂ယောက် ဖြစ်တဲ့ ကိုဌေးအောင်နဲ့ ကိုမြင့်မိုးအောင်(ခ)ကိုငယ် တို့ကတော့ သံတွဲမြို့အမျိုး ဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ် ကျောက်ဖြူထောင်မှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက သံတွဲမြို့နယ် ဥက္ကဌအပါအ၀င် အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်တွေကျန်ရှိနေပြီး ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့သူတွကို ပြန်လွတ်ပေးဖို့အတွက်လည်း ဒေသခံတွေက ဆန္ဒဖော်ထုတ်
မှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ABC

0 comments:

Post a Comment