ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်က ကော့သောင်းမြို့ကနေ၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို တရားမဝင် ခိုးကူးဖို့ ကြိုးစားခဲ့ကြသူ မြန်မာနိုင်ငံသား အယောက် ၃၀ လောက် လိုက်ပါလာ ခဲ့တဲ့လှေတစ်စီး ညဘက်မှာ တိမ်းမှောက်သွားပါတယ်။ အများအပြား ရေနစ်ပြီး သေဆုံးခဲ့ကြ ရသလို လူတွေ ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေကြဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင်ခိုးကူးတဲ့စက်လှေဟာ
အခု လောလောဆယ်အထိ ဆယ်ယူရရှိထားပြီးဖြစ်တဲ့ ရုပ်အလောင်း ၁၃ လောင်း ရရှိထားကြောင်း ရနောင်းမြို့မှာရှိတဲ့ ထိုင်းရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“အလောင်းက ၁၃ လောင်းပါ။ ကျနော်တို့က ရှာဖွေ ဆယ်ယူရတဲ့တာဝန်ကိုပဲ ယူရပါတယ်။ အကြောင်းစုံကိုတော့ အခင်းဖြစ်တဲ့နေရာနားမှာရှိတ
“သေဆုံးသူတွေအားလုံးဟာ မြန်မာတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံဘက်က ထိုင်းဘက်ကို ကူးလာတာလား၊ ထိုင်းဘက်ကနေ မြန်မာဘက်ကိုပန်ပြီးတော့ ကူးတာလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒီလိုပဲ အမြဲသွားနေကြတာပါ။ အခုအချိန်မှာ ရာသီဥတုက တော်တော်ဆိုးနေပြီး လှိုင်းကြီးနေပါတယ်။ မတော်တဆ လှေတိမ်းမှောက်ခဲ့ပုံရပါတယ်
အခုအခါ အလောင်းတွေကို ထိုင်းဘက်ခြမ်းမှာ ထားရှိပြီးတော့ မနက်ဖြန်အင်္ဂါနေ့မှာ သဂြိုဟ်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း ကော့သောင်းဒေသခံကပာပါတယ်။ ခရီးသည်တချို့သာမက လှေသမားတွေပါ ပျောက်ဆုံးနေတဲ့အကြောင်း လှေသမားတွေက ပြောပါတယ်။
“အားလုံးက သွားတာ လူ ၃၀ ပါ။ လှေသမား ၁ ယောက်နဲ့ဆို ၃၁ ယောက်၊ အခု လှေသမားပါ ပျောက်နေတယ်။ နောက်ဆုံးအခြေအနေကတော့ မနက်ဖြန်ကို မြေမြှုပ်မယ်။ ဆိုင်းတင်းသင်္ချိုင်းမှာ မြေမြှုပ်ဖို့။ အားလုံး ၁၃ လုံးခင်ဗျ။ ကျား ၁၂ လောင်း၊ မ ၁ လောင်း။ မသာရှင်ပေါ်လို့ရှိရင် သူတို့ DNA ပြန်စစ်လို့ရတာပေါ့လေ။ အဲဒီအတွက်ကြောင့် မီးမသင်္ဂြိုဟ်ဘဲနဲ့ မြေမြှုပ်ဖို့ အစီအစဉ် လုပ်တာခင်ဗျ။”
ထိုင်းနိုင်ငံဘက်ခြမ်းကို မြန်မာနိုင်ငံသားတွေ သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့ အရေအတွက
ကြသလို အမြောက်အများကတော့ နယ်စပ်ကနေ တရားမဝင် ခိုးကူးပြီးတော့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။
အခုသေဆုံးသူတွေဟာ နယ်စပ်ကနေ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ တရားမဝင် သွားရောက် ပြီးတော့ အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းကြသူတွေဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။
VOA
0 comments:
Post a Comment