နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ H&M ကုမ္ပဏီအတွက် အတွင်းခံ ဘောင်းဘီသစ်အတွက် ကြော်ငြာရိုက်ကူးပေးခဲ့ကြောင်းသိရပါတယ်။
ဘက်ခမ်းဟာ စွပ်ကျယ်အင်္ကျီနဲ့ အတွင်းခံဘောင်းဘီကိုသာ ၀တ်ဆင်ထားပြီး
ဖိနပ်ကိုလည်း အသားရောင် ခြေစွပ်ဆန်ဆန် ဖိနပ်ကို စီးနင်းကာ ခေါင်မိုးများနဲ့
ပိုက်တန်း ဟောင်းများပေါ်မှာ ပြေးလွှာနေဟန် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကြော်ညာမှာ ဘက်ခမ်းဟာသူ့ရဲ့ ကိုယ်ပေါ်ရှိ ဆေးမင်ကြောင်
အများအပြားကိုလည်း ပြသခဲ့ပြီး အဲ့ဒီကုန်ပစ္စည်းကို လာမယ့် နှစ်မှစတင်ဖြန့်ဝေ
ဖွယ်ရှိပါတယ်။ ဘက်ခမ်းဟာ လက်ရှိအချိန်မျာ ဘောလုံးကစားခြင်းက
အနားယူခဲ့ပေမယ့် ရုပ်သံကြော်ငြာများနဲ့ အခြားသော စပွန်ဆာကုမ္ပဏီများမှာ
ဝင်ငွေများကြောင့် ၀င်ငွေကောင်းတဲ့ သူတစ်ယောက်အဖြစ် ဆက်လက်
ရပ်တည်နေနိုင်သူဖြစ်ပါတယ်။
ယခုလို မကြာခဏဆိုသလို
ရုပ်သံကြော်ငြာများမှာ ပါဝင်လေ့ရှိတာကြောင့် ဘက်ခမ်းအနေနဲ့
ရုပ်ရှင်လောကအတွင်းသို့ ၀င်ရောက်လာနိုင်ခြေ ရှိကြောင်းဖော်ပြနေပေမယ့်
ဘက်ခမ်း ကိုယ်တိုင်ကတော့ ဖြစ်နိုင်ခြေနည်းပါးကြောင်း ပြောကြားခဲတယ်လို့
သတင်းရရှိပါတယ်။
Metv-4

0 comments:
Post a Comment