ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြော ဆွေးနွေးပြီး သဘောထားခံယူပွဲ ကျင်းပရန်NLDဗဟိုမှ ဗဟိုတရားရုံးချုပ်ရှေ့နေဦးအောင်သိန်း အားစေလွှတ်ခဲ့သော်လည်း မိုးညှင်းမြို့သို့ မရောက်ရှိဘဲ မိုးကောင်းမြို့သို့
သွားရောက်ခဲ့သဖြင့် မိုးညှင်းမြို့ရှိ ပါတီဝင်များ စိတ်ဝမ်းကွဲမှုများ
ရှိနေကြောင်း မြို့နယ်ရုံး တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ဦးအောင်သိန်းအား မိုးညှင်း ခရိုင်ရုံးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေး ဟောပြောဆွေးနွေး ပြီး သဘောထားခံယူပွဲ ကျင်းပရန်သွားရောက်
ကြိုဆိုခဲ့သော်လည်း မိုးကောင်းမြို့တွင် ကျင်းပမည်ဖြစ်၍
မလိုက်နိုင်ကြောင်း ဦးအောင်သိန်းက ပြောကြားခဲ့ကြောင်း သိရသည်။
လိုအပ်သော အချက်များကို မိတ္တူကူးပြီး ဖြန့်ဝေကာ တဆင့်ပြန်ပြော၍ရကြောင်း၊
ကိုယ်တိုင် မိုးညှင်းခရိုင်ရုံးသို့ လာရန် မလိုကြောင်းပြောခဲ့ပြီး မိုးကောင်းမြို့တွင် နေရစ်ခဲ့ သည်ဟု ပြည်နယ် လူငယ် ညီလာခံ သတင်းပြန်ကြားရေး တာဝန်ခံ ကိုမင်းဆွေနိုင်က ပြောသည်။
ဟိုပင်မြို့ရှိ ဦးကျော်ငြိမ်း၏ စီမံမှုဖြင့်သာ ကချင်ပြည်နယ်အတွင်း
သဘောထားခံယူပွဲများကို လာရောက် ရကြောင်း ဖုန်းဖြင့် မြို့နယ်ဒုဥက္ကဋ္ဌ
ဦးကြည်အားပြောခဲ့ကြောင်း၊ မိုးညှင်းခရိုင်ရုံးသို့ လာရောက်ခြင်းမရှိဘဲ
မိုးကောင်းမြို့နယ်ရုံးသို့သာ သွားရောက်ခဲ့သဖြင့် ခရိုင်ပါတီဝင်များအား၏
သဘောထားများကွဲလွဲစေသဖြင့် ဗဟိုရုံုးသို့ တင်ပြတိုင်ကြားသွားမည်ဟုမြန်မာ့ခေတ်သို့ ဆက်လက် ပြော သည်။
မိုးညှင်းမြို့ NLDမှ ကိုမင်းဆွေနိုင်၊ ဦးတင်အေး၊ ဦးလှဆောင်တို့ ၂၇ရက်နေ့ညက မိုးကောင်းသို့ လာ၍ မိုးညှင်းခရိုင်ရုံးတွင် သဘောထားခံယူပွဲ လုပ်စေချင်ကြောင်း ပြောသောကြောင့် ၃၁ရက်နေ့ မိုးညှင်းတွင် ပြု
လုပ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း မိုးညှင်းအဖွဲ့က ငြင်းပယ်ခဲ့ကြောင်း ဦးအောင်သိန်း က ပြော သည်၊။
“ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းနဲ့ ကချင်ပြည်နယ်
အလုပ်အမှုဆောင်အဖွဲ့၊ မိုးညှင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့၊ မိုးညှင်း၊
မိုးကောင်း၊ ဟိုပင်၊ ဖားကန့်မြို့နယ် အလုပ်အမှုဆောင် အဖွဲ့များတွေ့ဆုံနိုင်ဖို့ အဆင်ပြေဆုံးဖြစ်တဲ့ မိုးကောင်းမြို့ကို အများသဘောတူဖြင့် ရွေးချယ်ခဲ့ပါတယ်။ ၂၇ရက်နေ့ကို သတင်းပို့ကြဖို့ ခရိုင်အနေနဲ့ ရုံးစာထွက်ထားပါတယ်”ဟု မိုးညှင်းခရိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်ကပြောသည်။
မိုးညှင်းခရိုင်ရုံးနှင့် ဗဟိုမှလာရောက်သူများကြား အားပြိုင်သကဲ့သို့ ဖြစ်နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များ၊ အလုပ်အမှုဆောင်များ အချင်းချင်း စိတ်ဝမ်းကွဲနေမှုများသည် ဗဟိုမှ ညွှန်ကြားဆောင်ရွက်သောသူများတွင် လုံးဝတာဝန်မကင်း ရှိနေကြောင်း၊ ဗဟိုမှပြတ်ပြတ်သားသားဖြင့်
စီမံခန့်ခွဲမှု ကောင်းစေချင်ကြောင်း၊ တရားဥပဒေစိုးမိုးမှုကို ပြည်သူများလိုလား သကဲ့သို့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သောပါတီကို ဗဟိုကစ၍ စည်းလုံးစေချင်ကြောင်း “ပန်းတိုင်မရောက်သေးခင် တပ်ကပျက်နေပြီဆိုတော့ အနာဂါတ်မှာ ပြည်သူတွေက NLDပါတီကို ဘယ်လို အားကိုးရမှာလဲ”ဟုဒေသခံ ပါတီဝင်တစ်ဦးက ၎င်း၏ အမြင်များကို ပြောသည်။
The Myanma Age
0 comments:
Post a Comment