Thursday, October 24, 2013

ပရိသတ်ဆန္ဒမဲ တစ်သိန်းခွဲကျော်ဖြင့် ဦးဆောင်နေသည့် မိုးစက်ဝိုင် မယ်စကြာဝဠာသရဖူ ရယူနိုင်ဖွယ်ရှိ

နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံ
ကိုယ်စားပြု၍ မယ်စကြာဝဠာပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်
ခွင့်ရရှိခဲ့သော မိုးစက်ဝိုင်သည် ၎င်းမျှော်လင့်သော မယ် စကြာဝဠာသရဖူအား မြန်မာနိုင်ငံသို့ ဆောင်ကြဉ်းသွားနိုင်
ဖွယ်ရှိကြောင်း International Business Times သင်းစာမှ အယ်ဒီတာဆိုနာလီဆင်းက ဟော ကိန်းထုတ်လိုက်သည်။

မိုးစက်ဝိုင်သည် ပြိုင်ပွဲဝင်များအကြားထောက်ခံမှု အများဆုံး ရရှိသူ ဖြစ်သည်သာ မက ပရိသတ်အားပေးမှုတွင် ယခင်က ထိပ်ဆုံးတွင်ရှိခဲ့သော ဖိလစ်ပိုင်မယ် အေရီလာအရီဒါအား
ကျော်ဖြတ်နိုင်ခဲ့ သည်။

မိုးစက်ဝိုင်သည် ပြိုင်ပွဲဆန်းစစ်သုံးသပ်ရေး ၀က်ဘ်ဆိုဒ်တစ်ခု
ဖြစ်သော Missoslogy.Com မှကောက်ယူ သော စစ်တမ်းအရ ပရိသတ်ဆန္ဒမဲ ၁၆၈, ၆၇၁ မဲရရှိကာ ထိပ်ဆုံးမှဦးဆောင်လျက်
ရှိသည်။

မိုးစက်ဝိုင်သည် ကယ်လီဖိုးနီးယား လူသယ်ရန်တက္ကသိုလ်မှ စီးပွားရေးမဟာဘွဲ့ဖြင့် ကျောင်းပြီးခဲ့သူ ဖြစ်၍ ပေါင်းသင်း
ဆက်ဆံရေးနှင့် အင်္ဂလိပ်စကားပြောကောင်းမွန်သည့် အား သာချက်များရှိကြောင်း အေရီလာ အရီဒါဆိုလျှင် ပေါင်းသင်း
ဆက်ဆံမှု အရည်အသွေးနည်းပါးသည်ကို ၎င်းကိုယ်တိုင်ဝန်
ခံဖူးကြောင်း မိုးစက်ဝိုင်၏ အကောင်းမွန်ဆုံး အားသာချက်မှာ စကားပြောကျွမ်းကျင်မှု ဖြစ်ကြောင်း၊ ယင်းအရည်အသွေးကြောင့်
၂၀၁၃ Miss Universe ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် မေးခွန်းမေး
မြန်းမှုတွင် အခြားပြိုင်ပွဲဝင်တို့အား ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း
အယ်ဒီတာ ဆိုနာလီဆင်းက သုံးသပ်သည်။

ယင်းအပြင် မိုးစက်ဝိုင်သည် လှပသောအသားအရည် ရှိကြောင်း၊ ပြိုင်ပွဲဝင်များအကြား ကျန်းမာရေးအ ကောင်းဆုံး အသားအရည်၊
healthiest skin ကို ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံ၌လည်း Miss
Healthy Skin ဆု ရရှိထားသူဖြစ်ရာ ယင်းအချက်ကလည်း
အားသာချက် တစ်ရပ်ဖြစ်ကြောင်း ဆိုနာလီဆင်းက ထပ်မံ
သုံးသပ်သည်။

ရေးသားသူ- လူပန်းအိမ်
People power

0 comments:

Post a Comment