ယူနန်ခရိုင်၊ ဇန်ဇီအွန်း ဒေသတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအတွက် နောက်ပထ် ကလေးငယ် (၄)ဦးလည်း ဒဏ်ရာများ ရခဲ့သေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ကျောင်းရှိ အုတ်နံရံ မတော်တဆ ပြိုကျမှုကြောင့် ကလေးငယ်(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ယူနန်ခရိုင်၊ ဇန်ဇီအွန်း ဒေသတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအတွက် နောက်ပထ် ကလေးငယ် (၄)ဦးလည်း ဒဏ်ရာများ ရခဲ့သေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ နံရံ၏ တစ်ဖက်တွင် ကျောက်မီးသွေးအိတ်များ စုပုံထားရာမှ နံရံကို ဖိအားပေးသကဲ့သို့ ဖြစ်ပွားပြီး ပြိုကျခဲ့ခြင်းဟု တာဝန်ရှိသူများက ဆိုသည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူ ဆွန်ယူဖန်းက လက်ရှိဖြစ်ရပ်နှင့် ပတ်သက်ပြီး အသေးစိတ် ဆက်လက် စုံစမ်းနေပြီး သေဆုံးသူ၊ ဒဏ်ရာရသူ အားလုံးသည် အသက်(၁၂)နှစ် ဝန်းကျင်မျှ ကလေးများဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ယခုဖြစ်ရပ်သည် တရုတ်နိုင်ငံ တဝှမ်းရှိ ကျောင်းများတွင် လုံခြုံရေး စံနှုန်းများနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာများ တိုးပွားလာစေသည်။ ယခင်ကတည်းကလည်း တရုတ်နိုင်ငံတွင် ကျောင်းအဆောက် အအုံများ ဆောက်လုပ်မှု နည်းစနစ်ပိုင်း အားနည်းကြောင်း ဝေဖန်မှုများ ရှိခဲ့ဖူးပြီး (၂၀၀၈)ခုနှစ်၊ ငလျင်ကြီးအတွင်း ပြိုကျခဲ့သော ကျောင်းအများအပြားသည် တည်ဆောက်ပုံ ညံ့ဖျင်းကြောင်း ပြစ်တင်ခံခဲ့ရသည်။ ယခုနံရံ ပြိုကျမှုအတွင်း ဒဏ်ရာရခဲ့သည့် ကလေးငယ်များမှာမူ လင်ကူမြို့ရှိ ဆေးရုံတွင် တည်တည်ငြိမ်ငြိမ် အခြေအနေ ရှိနေကြောင်း သိရသည်။ သေဆုံးခဲ့သည်မှာ ယောက်ျားလေး တစ်ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် ဆုံးပါးခဲ့ခြင်းဟု သတင်းများက ဖော်ပြထားသည်။
From: Planet
0 comments:
Post a Comment