အသက်(၂၃)နှစ်ရှိ Country ဂီတစတား အဆိုတော်သည် ယခင်က ဟယ်ရီစတိုင်လ်စ်၊ ဂျွန်မေယာ၊ ဂျိတ်ဂါလင်ဟားလ်တို့ အပါအဝင် နာမည်ကျော် အမျိုးသားများနှင့် တွဲခဲ့ဖူးသော်လည်း ခိုင်မာသည့် အချစ်ရေးမျိုး မတည်ဆောက်နိုင်ခဲ့ချေ။
သူမအနေဖြင့် ကလေးငယ်များ သိုက်သိုက်ဝန်းဝန်းနှင့် မိသားစုတစ်ခု တည်ဆောက်နိုင်ရန် ယုံကြည်မှု မရှိကြောင်း တေလာဆွစ်ဖ်က ဝန်ခံပြောကြားခဲ့သည်။ အသက်(၂၃)နှစ်ရှိ Country ဂီတစတား အဆိုတော်သည် ယခင်က ဟယ်ရီစတိုင်လ်စ်၊ ဂျွန်မေယာ၊ ဂျိတ်ဂါလင်ဟားလ်တို့ အပါ အဝင် နာမည်ကျော် အမျိုးသားများနှင့် တွဲခဲ့ဖူးသော်လည်း ခိုင်မာသည့် အချစ်ရေးမျိုး မတည်ဆောက်နိုင်ခဲ့ချေ။ သူမသည် ယခင်က အိမ်ထောင်ပြုဖြစ်လျှင် ကလေး(၄)ဦးမျှ ရယူ လိုကြောင်း ပြောဆိုဖူးသော်လည်း ယခုအခါတွင်မူ သူမအတွက် မိသားစု ဘဝတစ်ခု တည်ဆောက်ပြီး ကလေးယူရန် အခြေအနေမျိုး လက်တွေ့ဖြစ်ပေါ်လာရန် သံသယ ဝင်မိကြောင်း ဖွင့်ဟခဲ့သည်။
ကျွန်မ ကလေးချစ်တတ်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် ကလေးယူဖြစ်ပါ့မလား မသိဘူး။ သေချာတာကတော့ လောလောလတ်လတ် အခြေအနေမျိုးမှာ ဒီကိစ္စက ပိုပြီးတော့တောင် မဖြစ်နိုင်သေးပါဘူးဟု တေလာက ဆိုသည်။ သူမ အနေဖြင့် မည်သို့သော ပုံစံမျိုး မိသားစုလေး တစ်ခု ပိုင်ဆိုင်လိုကြောင်း မေးမြန်းမှုကိုမူ ကျွန်မအနေနဲ့ ဒါကို ထင်ကြေးမပေး တတ်ဘူး။ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ခြားနားသွားနိုင်ပါတယ်ဟု တေလာက မှတ်ချက်ပြု ဖြေဆိုသွားသည်။
Planet Myanmar Network
0 comments:
Post a Comment