စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် နမ့်တော
ကျေးရွာတွင် အသက်ဆယ်နှစ် အရွယ် ကလေးငယ် တစ်ဦး ဝက်ဝံကုတ် ခံရ၍
သေဆုံးခဲ့ရသည်ဟု မိုင်းကိုင်း ရဲစခန်းမှ သိရသည်။
ဖြစ်ပွားပုံမှာ အောက်တိုဘာ ၃ရက် နံနက် ၁ဝနာရီခန့်က နမ့်တောကျေး ရွာနေ ဦးရဲအောင်- ဒေါ်အဲအဲတို့ ဇနီး မောင်နှံ သည် အသက်ဆယ်နှစ် အရွယ် သမီးဖြစ်သူကို နမ့်တော ကျေးရွာ ရွာဦး ပိုင်းရှိ မေဃိန္ဒာရာမ ကျောင်းတိုက်၌ ခြံခတ် မွေးမြူထားသည့် ဝက်ဝံအား လိုက်ပြရာမှ ဝက်ဝံသည် ကလေးငယ်၏ ခြေထောက်ကို လှမ်းဖဲ့ကုတ် ယူချိန်တွင် ကလေး၏ ဝမ်းဗိုက်အား ကုတ်ခြစ် မိသဖြင့် ဗိုက်ပေါက်၍ အူများ ထွက်ကျခဲ့ခြင်း ဖြစ်သည်
ဝက်ဝံကုတ်ခံရသည့် ကလေးငယ်အား အချိန်မီ ဆေးဝါးကုသမှု ခံယူနိုင်ရန်အတွက် နမ့်တော တိုက်နယ်ဆေး ရုံသို့ပို့ ဆောင် ခဲ့ရာ ထိုဆေးရုံမှ တစ်ဆင့် ဟုမ္မလင်းမြို့ ခုတင်- ၁ဝဝဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက် သွားရောက် စဉ် ခေါက်ငို ကျေးရွာ အနီး၌ ကလေးငယ်မှာ သေဆုံး သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံး ကလေးငယ်၏ မိဘများသည် သက်ဆိုင်ရာသို့ တစ်စုံတစ်ရာ အကြောင်း ကြားခြင်း မရှိဘဲ ကလေးငယ်၏ အလောင်းအား နမ့်တော ကျေးရွာ သုသာန်၌ မြေမြှုပ် သဂြိုဟ်ခဲ့ရာ ဒေသတွင်း အရပ် သတင်း များအရ မိုင်းကိုင်း ရဲစခန်းမှ ယခုလ ၅ ရက်တွင် စုံစမ်း သိရှိ ရခြင်း ဖြစ်သည်။
ထို့အတွက် အသက်ဆယ်နှစ် အရွယ် ကလေးငယ် သေဆုံးရခြင်းအား မိုင်းကိုင်း ရဲစခန်း သေမှုသေ ခင်း အမှတ်စဉ် ၃၉/ ၂ဝ၁၃ အရ အမှုရေး ဖွင့်နိုင်ရန် ဒုတိယ ရဲအုပ်နေမျိုးက တရားလိုပြုလုပ်၍ တိုင်တန်း ခဲ့ကြောင်း သိရှိရသည်။
မြ၀တီ
0 comments:
Post a Comment