
ရန်
ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း ယာဉ်စည်း
ကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့်ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ
၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော် မတီမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က
ပြောကြားလိုက်သည်။ ယခင်က ယာဉ်စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေး ဥပဒေပါ
ဒဏ်ကြေးငွေများမှာ အလွန်နည်း ပါး နေခြင်း ကြောင့် ယာဉ်အသုံးပြု
သူများအနေဖြင့် လိုက်နာမှုရှိစေ ရန်ရည်ရွယ်၍ ဒဏ်ငွေများ စီမံ ချက်အနေဖြင့်
တိုးမြှင့်သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် မော်တော်
ယာဉ်ဥပဒေအတိုင်းအရေးယူ သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်က ၅၁လမ်း
ယာဉ်စည်း ကမ်းထိန်းသိမ်းရေးရဲချုပ်ရုံး၌ပြု လုပ်သည့် မော်တော်ယာဉ်ဥပဒေ၊
နည်းဥပဒေများဖြင့် လက်ရှိအရေး ယူဆောင်ရွက်မည့်အခြေအနေ များ အား
ရှင်းလင်းသည့်သတင်း စာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း
ဖြစ်သည်။
ဒုတိယရဲမှူးကြီးလင်းထွဋ်က ''ယာဉ်စည်းကမ်းဖောက် ဖျက်သူတွေ
ကို မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်း ချက်တွေအတိုင်း အရေးယူလို့ ရပေမယ့်
ကြီးတဲ့အမှု ကိုငယ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်တိုးမြှင့် ဒဏ်ငွေနဲ့ပဲ အ
ရေးယူဆောင်ရွက်ခဲ့တာပါ။ အခု ဥပဒေပါသတ်မှတ် ဒဏ်ငွေနဲ့ ပြစ်
မှုကြီးရင်ကြီးသလို ထောင်ဒဏ်နဲ့ပါ အရေးယူသွားမှာပါ'' ဟုပြောသည်။ လက်ရှိ
ယာဉ်စည်းကမ်းချိုး ဖောက်သူများကို ၁၉၆၄မော်တော်ယာဉ် ဥပဒေပုဒ်မ
၂၁ပါပြဌာန်းချက်များဖြင့် ငွေဒဏ် နှင့် ထောင် ဒဏ် ချမှတ်အရေးယူ သွား မည်ဖြစ်
ကြောင်း သိရသည်။
အဆိုပါစီမံချက်ဒဏ်ကြေး ငွေများကို
ယာဉ်စည်းကမ်းကြီးကြပ် ထိန်း သိမ်းရေး ဥပဒေ ပြဋ္ဌာန်းချက် သတ်မှတ်ဒဏ်ကြေး
ငွေကျပ် ၁၅ဝဝအပြင် စီမံချက်ဒဏ်ငွေအ ဖြစ် ပြစ်မှုအပေါ်မူတည်၍ ကျပ် ၁၀၀၀၀ မှ
ကျပ် ၃၀၀၀၀၀ အ ထိ သတ်မှတ် ဒဏ်ရိုက်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ရဲမှူးသာဌေးက
ပြောသည်။ ရဲမှူးသာဌေးက ''စီမံချက် ဒဏ်ကြေးငွေတွေကို ယာဉ်စည်း
ကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေ မှာသုံးနိုင်ဖို့ အတွက် လေးချိုးချိုး ပြီး
ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၊ မြို့တော်စည်ပင်၊ ယာဉ်ထိန်း တပ် ဖွဲ့နဲ့
မြို့နယ်မီးပွိုင့်တွေမှာ လုံခြုံ ရေးကင်မရာ ဖိုးတွေပေး သွင်း ရတဲ့
နေရာတွေမှာအသုံးပြုတာပါ''ဟုပြောသည်။ အဆိုပါ ယာဉ်စည်း ကမ်း သတ်မှတ် ဥပဒေပါ
ဒဏ်ကြေးငွေ ထက်ပိုမိုတောင်းခံသူဝန်ထမ်း များအား တိုင်ကြားလာပါက အ
ရေးယူသွားမည်ဖြစ်သည်။
ဖြိုးလွင်အောင်
Yangon Media Group
0 comments:
Post a Comment