Monday, October 21, 2013

ကျောင်းသား၊ ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းသုံးစွဲမှု မြင့်တက်နေခြင်းကြောင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သုံးစွဲမှု အသိပညာများကို ကျောင်းသင်ခန်း စာများတွင် သင်ကြားရန် စီစဉ်

Photo: ကျောင်းသား၊ ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းသုံးစွဲမှု မြင့်တက်နေခြင်းကြောင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု အသိပညာများကို ကျောင်းသင်ခန်း စာများတွင် သင်ကြားရန် စီစဉ်
Monday, October 21, 2013

မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ၏ စီးကရက် သောက်သုံးမှုနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tobacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်များကို ယခုရေးဆွဲနေသည့် နည်းဥပဒေတွင် ဖြည့်စွက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

အခြေခံပညာ ကျောင်းသား/ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းသုံးစွဲမှုနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု အသိပညာများကို ကျောင်းသင်ခန်းစာများတွင် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ဆေးလိပ်တိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tobacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်များကို ယခုရေးဆွဲနေသည့် နည်းပဒေတွင် ဖြည့်စွက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

"အခု နည်းဥပဒေ ထွက်ရှိဖို့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေးဆွဲနေပါတယ်။ နည်းဥပဒေမှာ အရင်ဥပဒေတုန်းက လိုအပ်နေတဲ့ အချက်တွေကို အဓိက ဖြည့်စွက်သွားမှာ ဖြစ်သလို အခြားသက်ဆိုင်ရာ ဌာနတွေက အကြံပြုထားတဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်းသွားဖို့ စီစဉ်ထားပါတယ်။ အခု ကျောင်းသားကျောင်းသူ အရွယ်တွေမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု မြင့်လာတဲ့အတွက် ကျောင်းသင်ခန်းစာတွေမှာ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာပေးတွေကိုလည်း ထည့်သွင်းသွားဖို့ စီစဉ်နေတယ်။ နောက် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကြော်ငြာတွေကို တားမြစ်ထားပေမယ့် လုပ်ငန်းရှင်တွေက နည်းအမျိုးမျိုးနဲ့ သူတို့ကုန်ပစ္စည်းကို ပြည်သူလက်ထဲရောက်အောင် ပို့နေသေးတယ်။ အကြံပြုစာတွေမှာဆိုရင် သတိပေးစာတွေကို ပိုပြီးထည့်ဖို့၊ အရောင်းမြှင့်တင်ရေး အပိုင်းတွေမှာ ပိုမိုတင်းကျပ်ဖို့ စတာတွေ ပါပါတယ်" ဟု ဆေးလိပ်တိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာနန်းနိုင်နိုင်ရှိန်က ဆိုသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး နည်းဥပဒေကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် ဥပဒေပညာရှင်များ ပူးပေါင်းရေးဆွဲလျက်ရှိပြီး နည်းဥပဒေတွင် ထည့်သွင်းသွားမည့် အချက်အလက်များကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများမှလည်း အကြံပြုချက် ရယူထားပြီး ဖြစ်ကြောင်းနှင့် နည်းဥပဒေအား ယခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂၀၀၆ ခုနှစ်တွင် ပြဌာန်းထားသော်လည်း အများပြည်သူ သဘောပေါက် နားလည်မှု အားနည်းသကဲ့သို့ ဥပဒေဆိုင်ရာ အရေးယူမှုမှာလည်း အားနည်းနေသေးကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၀၄ ခုနှစ် ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းကို အတည်ပြုသည့် နိုင်ငံများအနက် ၁၁ နိုင်ငံမြောက်ဖြစ်ကြောင်း သိရသည်။      

Eleven Media Group

ဟိုတယ်တစ်ခုအတွင်း ဆေးလိပ်ရောင်းချ နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ၏ စီးကရက် သောက်သုံးမှုနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့ သည့် Global Youth Tobacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည် ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစား သုံးမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေ သည့် အချက်များကို ယခုရေးဆွဲနေသည့် နည်းဥပဒေတွင် ဖြည့်စွက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။
အခြေခံပညာ ကျောင်းသား/ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းသုံးစွဲမှုနှုန်း မြင့်တက် နေခြင်းကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု အသိပညာများကို ကျောင်းသင်ခန်း စာများတွင် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ဆေးလိပ်တိုက်ဖျက်ရေး စီမံချက် မှ သိရသည်။
မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tobacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ကောက် ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု နှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်များကို ယခုရေးဆွဲနေသည့် နည်းပဒေတွင် ဖြည့်စွက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။
"အခု နည်းဥပဒေ ထွက်ရှိဖို့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေးဆွဲနေပါတယ်။ နည်းဥပဒေမှာ အရင်ဥပဒေတုန်းက လိုအပ်နေတဲ့ အချက်တွေကို အဓိက ဖြည့်စွက်သွားမှာ ဖြစ်သလို အခြား သက်ဆိုင်ရာ ဌာနတွေက အကြံပြုထားတဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်းသွားဖို့ စီစဉ်ထား ပါတယ်။ အခု ကျောင်း သားကျောင်းသူ အရွယ်တွေမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု မြင့်လာတဲ့အတွက် ကျောင်း သင်ခန်း စာတွေမှာ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာပေးတွေ ကိုလည်း ထည့်သွင်းသွားဖို့ စီစဉ် နေတယ်။ နောက် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကြော်ငြာတွေကို တားမြစ်ထားပေမယ့် လုပ်ငန်းရှင် တွေက နည်းအမျိုးမျိုးနဲ့ သူတို့ကုန်ပစ္စည်းကို ပြည်သူ လက်ထဲရောက်အောင် ပို့နေသေးတယ်။ အကြံပြုစာ တွေမှာ ဆိုရင် သတိပေးစာတွေကို ပိုပြီးထည့်ဖို့၊ အရောင်းမြှင့်တင်ရေး အပိုင်းတွေမှာ ပိုမိုတင်းကျပ်ဖို့ စတာတွေ ပါပါတယ်" ဟု ဆေးလိပ်တိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာနန်းနိုင်နိုင်ရှိန်က ဆိုသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး နည်းဥပဒေကို ကျန်းမာရေး ၀န်ကြီး ဌာနနှင့် ဥပဒေပညာရှင်များ ပူးပေါင်းရေးဆွဲလျက်ရှိပြီး နည်းဥပဒေတွင် ထည့်သွင်းသွားမည့် အချက် အလက်များကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများမှလည်း အကြံပြုချက် ရယူထားပြီး ဖြစ်ကြောင်းနှင့် နည်းဥပဒေအား ယခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂၀၀၆ ခုနှစ်တွင် ပြဌာန်းထားသော်လည်း အများပြည်သူ သဘောပေါက် နားလည်မှု အားနည်းသကဲ့သို့ ဥပဒေဆိုင်ရာ အရေးယူမှုမှာလည်း အားနည်းနေသေးကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်ပြော ကြား ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၀၄ ခုနှစ် ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းကို အတည်ပြုသည့် နိုင်ငံများအနက် ၁၁ နိုင်ငံမြောက်ဖြစ်ကြောင်း သိရ သည်။ 
Eleven Media Group

0 comments:

Post a Comment