
ကျနော်ပြောတာမဟုတ်ပါဘူး။ Google ရဲ့  ဥက္ကဌ( Chairman)အရစ်စမစ်ခ်ျ ကိုယ်တိုင်အင်တာဗျူးတစ်ခု မှာ ပြောတဲ့စကားပါ။
အမေရိကန်
Homeland Security ရဲ့  ထုတ်ပြန်တဲ့ သတင်းအချက်အလက် အရ ၇၃
ရာခိုင်နှုန်းသော Malware attack ဟာ Android ဆီကို ဦးတည်ပြီး ၀.၇
ရာခိုင်နှုန်းကသာ iOS platform ဆီကို ဦးတည်ခြင်း ဖြစ်ပါ တယ်။ ပြီးတော့
နည်းပညာ လုံခြုံရေးဆော့ဖ်ဝဲ ကုမ္မဏီ Tech Micro က ထုတ်ပြန်တဲ့ စစ်တမ်း
အရဆိုရင်လည်း Android application အခုပေါင်း ၁ သန်းမှာ malware များ
ပါဝင်နေပြီး iOS မှာတော့ အနည်းငယ်သာ ပါဝင် ခြင်း ဖြစ်ပါတယ်။ (iOS platform က
app တွေမှာ Malware ပါဝင်မှု စာရင်းကို မထုတ်ပြန်ပေမယ့် Android ထပ်
အစပေါင်းများစွာ နည်းပါးတယ်လို့ လူတိုင်း ယုံကြည်ထား ပါတယ်။)
အဲ့ဒီလို သတင်းတွေထွက်နေချိန်မှာ ITxpo သတင်းဌာနက Eric Schmidt ကို Face to Face အင်တာဗျူး တုံး မေးခဲ့ပါတယ်။ Ecri ဖြေခဲ့ပုံကတော့ -
“ဘာ.. မလုံခြုံဘူး ဟုတ်လား။ အဲဒါ iPhone ထပ် ပိုလုံခြုံတာပါ”
သူ့ရဲ
့ ဖြေရှင်းချက်ကတော့ ဒီလိုပါ။ Android ကို တိုက်ခိုက်မှုများတယ်ဆိုတာ
တိုက်ခိုက်ချင် စရာ ကောင်းလောက်အောင် လုံခြုံနေလို့ပါ။
ဘီလျံတစ်ထောင်ကျော်တဲ့ Activation များရှိနေပြီး real-world testing မှာ
ကြံ့ ကြံ့ ခံနေတဲ့ သူရဲကောင်း တစ်ဦးပမာ ဥပမာ ပေးထားပါတယ်။
“Android ဟာ အင်မတန် လုံခြုံရေး မြင့်မားပါတယ်” နောက်ထပ် ထပ်လောင်းပြောကြားခဲ့သေးကြောင်း သိရပါတယ်။
Ref: pocketlint
အောင်ခမ်း ( TSJ Team )
0 comments:
Post a Comment