Monday, September 30, 2013

အိုးအိမ်ကမလုပ် စည်ပင်ကလုပ် အလုပ်ဖြစ်ဖို့အဓိက

Photo: အိုးအိမ်ကမလုပ် စည်ပင်ကလုပ် အလုပ်ဖြစ်ဖို့အဓိက
Monday, September 30, 2013 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ အောင်ရတနာလမ်းရှိ မြ၀တီမဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဆောင်နှင့် ကပ် လျက်ရှိသော ရေနုတ်မြောင်းကြီး ၏ ရေတိုက်စားမှုကြောင့် ပြိုကျ လုနီးနီးဖြစ်နေသော ဘုန်းကြီး ကျောင်းဆောင်ကိုစည်ပင်သာယာ ရေးကော်မတီက အန္တရာယ်ကင်း ရန် ထိန်းသိမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ 

““ရေတံခါးလုပ်တဲ့ အိုးအိမ်ရဲ့ တာဝန်ခံအင်ဂျင်နီယာက ဦးဇင်း ကို ဒီရေတံခါးလုပ်ပြီးရင် ဘုန်း ကြီးကျောင်းအန္တရာယ်မရှိအောင် သေချာ မြေအမာခံလုပ်ပေးပြီး ဆောင်ရွက်ပေးပါမယ်လို့ လာ လျှောက်ခဲ့ပေမဲ့ ရေတံခါးလည်း အသစ်လုပ်လို့လည်းပြီးရော ဘာ မှ မသိလိုက်ရဘဲ လုပ်ငန်းသိမ်း ပြီး သွားလိုက်တယ်။ ပထမရေ တံခါးအဟောင်းတုန်းက ရေလမ်း ကြောင်းက ကွေ့နေတဲ့အတွက် ဘုန်းကြီးကျောင်းကို ရေမတိုက် စားဘူး။ ရေတံကားအသစ်လုပ် တဲ့အခါမှာ ရေလမ်းကြောင်း ပြောင်းပြီး ဘုန်းကြီးကျောင်းနဲ့ ကပ်လျက်ဖြစ်တဲ့အတွက်ကြောင့် ကမ်းပါးကို ရေတိုက်စားပြီးမြောင်း ထဲကို ကျောင်းဆောင်ပြိုကျလု ဆဲဆဲဖြစ်နေရတာပါ”” ဟု မြ၀တီ မဟာစည်သာသနာ့ရိပ်သာကျောင်း တိုက်ဆရာတော်က မိန့်ကြားခဲ့ သည်။

 ““ဒီအိုးအိမ်က လွန်ခဲ့တဲ့ (၂) နှစ်လောက်က အိမ်ယာစီမံကိန်း လုပ်တယ်။ ပြီးတော့ရေစီးရေလာ ကောင်းအောင်ဆိုပြီး ရေတံခါး အသစ်လုပ်တယ်လို့ သိရတယ်။ ဒါတွေက သူတို့လာ အသိပေး တာမဟုတ်ဘူး။ ကိုယ့်ဘာသာ လိုက်စုံစမ်းရတာပါ။အခုကျတော့ ကျွန်တော့်ကိုလည်း အသိမပေး ဘဲလုပြီး လက်စမသတ်သွားတဲ့ အတွက် ဘုန်းကြီးကျောင်းက ပြို ကျမဲ့အန္တရာယ် ကြုံနေရပြီ။ ဒါ ကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စ တွေ နောင်မဖြစ်ရအောင် ဘယ် ဌာနဆိုင်ရာကပဲဖြစ်ဖြစ် ရပ်ကွက် ထဲ တစ်ခုခု လုပ်မယ်ဆိုရင် သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို အသိပေးသင့်တယ်လို့ ထင်ပါ တယ်”” ဟု ကြီးပွားရေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောကြားခဲ့သည်။ 

အိုးအိမ်ဦးစီးဌာနအနေဖြင့် အားခြင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲသော်လည်း စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ဘုန်းကြီး ကျောင်းဆောင်ပြိုကျလုနီးပါးဖြစ် နေ၍ကြည့်မနေနိုင်သောကြောင့် တုတ်ခတ်ကာ စက်ကြီးများဖြင့် မြေဖို့ပေးခြင်းကို စတင်ပြုလုပ် လျက်ရှိကြောင်း၊ ကျောင်းနံရံကို မြေဖို့၍ အမာခံပြုလုပ်မှသာ အန္တရာယ်ကင်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အင်ဂျင်နီယာမှူး ဒေါ်ခင်သင်းသင်းနိုင်က ပြော ကြားခဲ့သည်။

ညီညီအောင်

The Hot News Weekly.
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ အောင်ရတနာလမ်းရှိ မြ၀တီမဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဆောင်နှင့် ကပ် လျက်ရှိသော ရေနုတ်မြောင်းကြီး ၏ ရေတိုက်စားမှုကြောင့် ပြိုကျ လုနီးနီးဖြစ်နေသော ဘုန်းကြီး ကျောင်းဆောင်ကိုစည်ပင်သာယာ ရေးကော်မတီက အန္တရာယ်ကင်း ရန် ထိန်းသိမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

““ရေတံခါးလုပ်တဲ့ အိုးအိမ်ရဲ့ တာဝန်ခံအင်ဂျင်နီယာက ဦးဇင်း ကို ဒီရေတံခါးလုပ်ပြီးရင် ဘုန်း ကြီးကျောင်းအန္တရာယ်မရှိအောင် သေချာ မြေအမာခံလုပ်ပေးပြီး ဆောင်ရွက်ပေးပါမယ်လို့ လာ လျှောက် ခဲ့ပေမဲ့ ရေတံခါးလည်း အသစ်လုပ်လို့လည်းပြီးရော ဘာ မှ မသိလိုက်ရဘဲ လုပ်ငန်းသိမ်း ပြီး သွားလိုက်တယ်။ ပထမရေ တံခါးအဟောင်းတုန်းက ရေလမ်း ကြောင်းက ကွေ့နေတဲ့အတွက် ဘုန်းကြီးကျောင်းကို ရေမတိုက် စားဘူး။ ရေတံကားအသစ်လုပ် တဲ့အခါမှာ ရေလမ်းကြောင်း ပြောင်းပြီး ဘုန်းကြီးကျောင်းနဲ့ ကပ်လျက်ဖြစ်တဲ့အတွက်ကြောင့် ကမ်းပါးကို ရေတိုက်စားပြီးမြောင်း ထဲကို ကျောင်းဆောင်ပြိုကျလု ဆဲဆဲဖြစ်နေရတာပါ”” ဟု မြ၀တီ မဟာစည်သာသနာ့ရိပ်သာကျောင်း တိုက်ဆရာတော်က မိန့်ကြားခဲ့ သည်။

““ဒီအိုးအိမ်က လွန်ခဲ့တဲ့ (၂) နှစ်လောက်က အိမ်ယာစီမံကိန်း လုပ်တယ်။ ပြီးတော့ရေစီးရေလာ ကောင်းအောင်ဆိုပြီး ရေတံခါး အသစ်လုပ်တယ်လို့ သိရတယ်။ ဒါတွေက သူတို့လာ အသိပေး တာမဟုတ်ဘူး။ ကိုယ့်ဘာသာ လိုက်စုံစမ်းရတာပါ။အခုကျတော့ ကျွန်တော့်ကိုလည်း အသိမပေး ဘဲလုပြီး လက်စမသတ်သွားတဲ့ အတွက် ဘုန်းကြီးကျောင်းက ပြို ကျမဲ့အန္တရာယ် ကြုံနေရပြီ။ ဒါ ကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စ တွေ နောင်မဖြစ်ရအောင် ဘယ် ဌာနဆိုင်ရာကပဲဖြစ်ဖြစ် ရပ်ကွက် ထဲ တစ်ခုခု လုပ်မယ်ဆိုရင် သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို အသိပေးသင့်တယ်လို့ ထင်ပါ တယ်”” ဟု ကြီးပွားရေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောကြားခဲ့သည်။

အိုးအိမ်ဦးစီးဌာနအနေဖြင့် အားခြင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲသော်လည်း စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ဘုန်းကြီး ကျောင်းဆောင်ပြိုကျလုနီးပါးဖြစ် နေ၍ကြည့်မနေနိုင်သောကြောင့် တုတ်ခတ်ကာ စက်ကြီးများဖြင့် မြေဖို့ပေးခြင်းကို စတင်ပြုလုပ် လျက်ရှိကြောင်း၊ ကျောင်းနံရံကို မြေဖို့၍ အမာခံပြုလုပ်မှသာ အန္တရာယ်ကင်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အင်ဂျင်နီယာမှူး ဒေါ်ခင်သင်းသင်းနိုင်က ပြော ကြားခဲ့သည်။

ညီညီအောင်

The Hot News Weekly.

0 comments:

Post a Comment