တစ် နိုင်ငံလုံးရှိ သစ်တောမြေများ အတွင်း ရှိ ကျေးရွာအနေဖြင့် အခြေ
တကျတည်ရှိနေသည့် ကျေးရွာများ ကို သစ်တောမြေအဖြစ်မှ ပယ်
ဖျက်ပေးမည်ဖြစ်ကြောင်း သစ် တောဦးစီး ဌာန နေပြည်တော်ရုံး မှ သိရ သည်။
''မြေအားလုံးကို ပယ်ပေးမှာ မဟုတ်ပါဘူး။ ရွာအနေနဲ့ အခြေ တကျ တည်ရှိပြီးတဲ့နေရာ၊ လယ် မြေအဖြစ် ထွန်ယက်နေ တဲ့နေရာ တွေကတော့ သစ်တောပြန်မဖြစ် နိုင်တော့ဘူး။ အများပိုင်မြေများ ဖြစ်တဲ့ သာသနာ့မြေ၊ သုသာန် မြေတွေကလဲ သစ်တောပြန်လုပ် လို့မရတော့ဘူး။ အဲဒီမြေတွေ အားလုံးကို သစ်တောမြေကနေ ပယ်ဖျက်ပေးမယ်''ဟု သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
''မြေအားလုံးကို ပယ်ပေးမှာ မဟုတ်ပါဘူး။ ရွာအနေနဲ့ အခြေ တကျ တည်ရှိပြီးတဲ့နေရာ၊ လယ် မြေအဖြစ် ထွန်ယက်နေ တဲ့နေရာ တွေကတော့ သစ်တောပြန်မဖြစ် နိုင်တော့ဘူး။ အများပိုင်မြေများ ဖြစ်တဲ့ သာသနာ့မြေ၊ သုသာန် မြေတွေကလဲ သစ်တောပြန်လုပ် လို့မရတော့ဘူး။ အဲဒီမြေတွေ အားလုံးကို သစ်တောမြေကနေ ပယ်ဖျက်ပေးမယ်''ဟု သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
သို့သော် ယခုကဲ့သို့ သစ် တောပိုင်မြေအဖြစ်မှ ပယ်ဖျက် ပေးမည့် မြေအမျိုး အစားတွင် 'ယာမြေ'များ ပါဝင်မှုမရှိကြောင်း သိရပြီး ယင်းယာမြေများကို နှစ် ရှည်ငှားရမ်းသည့်ပုံစံဖြင့် ဆက် လက်ခွင့်ပြု မည်ဖြစ်ကြောင်း သစ် တောဦးစီး ဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဝင်းက ယမန် နေ့ကပြုလုပ် သည့် နေပြည်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေး ရာ ဝန်ကြီး ဌာနရုံးချုပ်၊ အင်ကြင်းခန်းမဆောင် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန် တိုင်းမ်သတင်းစာ၏သီးသန့်မေး မြန်းချက်အရ သိရသည်။
အဆိုပါအတည်ကျပြီးကျေး ရွာများ(သစ်တောမြေအတွင်း ကျူးကျော်တည် ရှိနေသည့် ကျေး ရွာများ)နှင့် သစ်တောမြေအတွင်း တည်ရှိနေသည့် လယ်မြေများ ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် မည်ဖြစ်သော်လည်း သစ်တော မြေများတွင် ဝင်ရောက်လုပ်ကိုင် နေသည့် ဒေသခံများ၏ ယာမြေ များအား သစ်တောမြေအဖြစ် ဆက်လက်ထားရှိပြီး ၁၉၉၅ ခုနှစ်မှ စတင်အကောင်အထည် ဖော်နေသည့် 'သီးနှံ၊ သစ်တော ရောနှော စိုက်ပျိုးသည့် ဒေသခံ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း' များအဖြစ် ထားရှိအကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သိရ သည်။
ဦးဇော်ဝင်းက ''ယာမြေက သစ်တောပြန်ဖန်တီးလို့ရတဲ့အ တွက် ပယ်ဖျက်ပေး မှာ မဟုတ်ပါ ဘူး။ ဒေသခံတွေက ယာလဲစိုက်၊ သစ်ပင်လဲစိုက်ပျိုးတဲ့ပုံစံနဲ့ လုပ်ရ မှာပါ။ ဒီအတွက် သစ်တောဦးစီး ဌာနက နှစ်၃၀၊ နှစ်၆၀ စသည်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ခွင့်ပေးမယ်။ ဒီလိုလုပ်ရတာက စိမ်းလန်းစိုပြည် ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးရည်ရွယ်ချက်ပါ''ဟု ပြောသည်။
နိုင်ငံတော်အနေဖြင့် ဥပဒေ အရ ဖွဲ့စည်းတည်ထောင်ထား သော သစ်တော ကြိုးဝိုင်းနှင့် ကြိုး ပြင်ကာကွယ်တော များအတွင်း နှစ် ကာလ အတိုင်း အတာတစ်ခု အထိ ခွင့်ပြုချက်မရှိ အခြေချနေ ထိုင်သောရွာစုနှင့် အိမ်ထောင်စု များကို မြေပြင်စာရင်းကောက် ယူကာ အိမ်ခြေ၅ဝနှင့် အထက် ကျေးရွာများအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပြ
Yangon Media Group
0 comments:
Post a Comment