Monday, August 19, 2013

Weather News Update


09:15 am

(1) (၁၈-၈-၂၀၁၃)၇က် နံနက်(၃)နာရီခွဲအချိန်အထိ (၂၄)နာရီအတွင်း မိုးရေချိန် (၁)လက်မခွဲ နဲ့အထက် ကျော်လွန်အောင်ရွာသွန်းခဲ့တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့ဖြစ်ကြပါတယ်။

(2) (၁၈-၈-၂၀၁၃)၇က် နံနက်(၃)နာရီခွဲအချိန်အထိ ရေဖုံးလွှမ်းခံရနှိုင်မှုဘေး အန္တရာယ် မြင့်မားနေတဲ့ ဒေသတွေကို နာဆာဂြိုဟ်တုများက တိုင်းတာပေးချက်အရ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း တောင်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်-စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့မွန်ပြည်နယ်မြောက်ပိုင်းတို့ဖြစ်ကြပါတယ်။ မြို့နယ် များအနေ နဲ့ တော့ စစ်တွေ၊ မင်္ဂလာဒုံ၊ ပဲခူး နဲ့ သထုံ မြို့နယ်များဖြစ်ကြပါတယ်။

(3) အပူပိုင်းမုန်တိုင်း(12 W) ရဲ့ ရွေ့လျှားမယ့်လမ်းကြောင်းဟာ LOOP တစ်ခုပုံ သဏ္ဍာန်ဖြစ်နေပါတယ်။ ဒါဟာလည်း သူ့ရဲ့ နောက်ဖက်မှာ နောက်ထပ်မုန်တိုင်း တစ်ခု ထပ်မံဖြစ်ပေါ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်း ကို FUJIWARA EFFECT လို့ခေါ်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

0 comments:

Post a Comment