ဈေးကွက်အတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော Samsung ဟန်းဆက်အချို့၏ အခက် အခဲနှင့် ပြဿနာ များအား ဖြေရှင်းနိုင်ရန် အတွက် အကောင်းဆုံး နည်းလမ်းများ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခက်အခဲများထဲတွင် ပါဝါ ပျောက်သွားသော Samsungဟန်းဆက် များကိုလည်း ပြန် လည်ကောင်းမွန်အောင်ပြု လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Samsung ဟန်းဆက်အချို့တွင် အလိုအလျောက်ပါဝါပျောက်သွားခြင်းနှင့် အသုံးပြုသူများ၏ မှားယွင်းမှု များကြောင့် ပါဝါပျောက်သွားခြင်း၊ ဖုန်း Boot death ဖြစ်ခြင်း၊
Product ID ပျောက်သွားခြင်း အစရှိသော ပြဿနာများအတွက် ဖုန်း၏ Board တစ်ချပ်လုံးအား လဲလှယ်အသုံးပြုရန်မလိုအပ်ပဲ ဖုန်းအတွင်းရှိလိုအပ်သော အစိတ်အပိုင်းအချို့ကိုသာ လဲလှယ်ပေးယုံဖြင့်
ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ X Code မိုဘိုင်းမှကျွမ်းကျင်သူ ကိုပြည့်ဖြိုးကပြောပြရာတွင် “လက်ရှိဈေးကွက် ထဲမှာရှိနေတဲ့ Samsung ဟန်းဆက်အချို့မှာ ပါဝါပျောက်သွား တတ်တဲ့ ပြဿနာတွေတွေ့ ရပါတယ်။
အထူးသဖြင့် Galaxy S3, Galaxy Note2 နဲ့ Galaxy S4 ဖုန်းတွေမှာဖြစ်တဲ့ ပါဝါပျောက်တဲ့ပြဿနာတွေ ကို ဖြေရှင်းနိုင်ပါပြီ။ အဓိကအားဖြင့် ဒီဖုန်းတွေမှာဖြစ်တတ်တဲ့ Product ID ပျောက်သွားတဲ့
ပြဿနာကိုဖြေရှင်းဖို့နည်းလမ်းကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီဖုန်းတွေအသုံးပြုတဲ့သူအချို့က ဖုန်းပျက်သွားရင်ဆိုင် ကို ရောက်ရောက်လာကြတယ်။ ဖုန်းက ဘာမှ မလုပ်ဘဲ အားသွင်းထားရင်းနဲ့ ဖုန်းပါဝါပျာက်သွားတာတို့၊ ညဘက်အိပ်တဲ့အချိန်မှာ ဘာဖြစ်သွားမှန်း မသိဘဲ သူ့အလိုလို ပါဝါပျောက်သွားတာတို့ဆိုပြီး ဆိုင်ကိုရောက်ရောက် လာကြပါတယ်။
ဒီလိုမျိုးဖုန်းကိုအသုံးပြုသူက ဘာမှ မလုပ်ဘဲရှောင်တခင် ပါဝါပျောက်သွားတာကိုတော့ ကျွန်တော်တို့  နယ်ပယ် ထဲမှာ Sudden Death ဖြစ်တယ်လို့ပြောကြပါတယ်။
ဒီလိုဖြစ်ရတာကတော့ ဖုန်းထဲမှာရှိနေတဲ့ EMMC Chip ထဲက bug ဖိုင် တစ်ဖိုင်ကလုပ်ဆောင်မှု ရပ်တန့်သွားလို့ဖြစ်ရတဲ့ ပြဿနာဖြစ်ပါတယ်။
အချို့မှာတော့ Samsung Logo နေရာမှာရပ်တန့်နေပြီး ပါဝါဆက်မတက်တော့တာ မျိုးလည်း ဖြစ် တတ်ကြတာတွေ့ရပါတယ်။
ဒီလိုမျိုးအကြောင်းကြောင်းကြောင့် အလိုအလျောက်ပါဝါပျာက်လာ တဲ့ဖုန်းတွေမှာ အဓိကအနေနဲ့ Product ID မရှိတော့တာကိုတွေ့ရပါတယ်။
Product ID မရှိတော့ရင်တော့ ဖုန်းကိုပါဝါပြန်လာအောင် လုပ်လို့ရပေမယ့် ဖုန်းစနစ်တွေထဲထိ မရောက်နိုင်သေးပါဘူး။ ဖုန်းကို Firmware ပြန် တင်ပေးရပါလိမ့်မယ်” ဟုပြောသည်။
ယင်းကဲ့သို့ Product ID ပျောက်သွားသောဖုန်းများအား ပါဝါပြန်လည်ရရှိစေရန် အတွက် အရင်ပြုလုပ် ရပြီး အချို့ဖုန်းများမှာပါဝါပြန်လည်ရရှိသော်လည်း Product ID မရှိတော့သောကြောင့် ဖုန်းအား OS အသစ်ပြန်လည်တင်နိုင်ရန်အတွက် Download Mode မရနိုင်ကြောင်းသိရသည်။
Product ID ပျောက်ကာ Download Mode မရတော့သောအဆိုပါ ဖုန်းများအား ပြန်လည်ပြုပြင် မည်ဆိုပါက EMMC Chip တစ်ခုလုံးအား အသစ်လဲလှယ် တပ်ဆင်ရ မည်ဖြစ်ပြီး လက်ရှိအချိန် တွင်လည်း ယင်းဖုန်းများအား EMMC Chip အသစ်ပြန်လည်လဲလှယ် တပ်ဆင်ခြင်း အား ပြု လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လိုအပ်ချက်တစ်ခုတည်းကိုသာ သီးသန့်လဲလှယ်နိုင်ခြင်းကြောင့် ပါဝါပျောက်သွားသော Galaxy S3, Galaxy Note2 နှင့် Galaxy S4 ဖုန်းများတွင် ဖုန်းအတွင်းရှိ ဆားကစ် Board တစ်ခုလုံးအား လဲလှယ်ရသော ကုန်ကျစရိတ်ထက်များစွာ သက်သာလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများနှင့် ဆက်သွယ်စုံစမ်းလိုသူများ အနေဖြင့် X Code မိုဘိုင်း ဖုန်း ၀၉-၅၀၀၄၆၇၂ သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
- See more at: http://www.myanmarinternetjournal.com/content/7357#sthash.tgIczzru. dpuf
Posted From myanmarinternetjournal
0 comments:
Post a Comment