Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ အတွက် သီးသန့် ဖန်တီးပေး တဲ့ ပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ပါ။
ဆုရရှိသူသွားသူကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Brittany Wenger အမည်ရ ကလေးမပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူဖန်တီးလိုက်တာကတော့ အမျိုးသမီး ရင်သားကင်ဆာ ကုသဖို့ အတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလေးပါ။ Leukemia လို့ခေါ်တဲ့ ရောဂါကို ဖြစ်နိုင်ချေရှိမယ့် ပိုးမွားနဲ့ ဆဲလ်တွေကို ထောက်လှမ်းပေးမယ့် diagnostic tool လေးပါ။
ဆရာတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ Breast Cancer ဖြစ်နိုင်ချေ ရှိတာကို ယခင်ကထက် အလွယ်တကူ ပိုမို မြန်ဆန်စွာ သိရှိနိုင်ပြီး တားဆီးကာကွယ်ဖို့အတွက် အချန်မှီ ကုသနိုင် ပါတယ်။ ယင်း အတွက် လိုအပ်တဲ့ Application ကို Brittany က တီထွင် ဖန်တီးခဲ့တာပါ။
သူမဟာ အမေရိကန်ပြည်ထောင်စုက အထက်တန်း စီနီယာ ကျောင်းသူတစ်ဦးသာဖြစ်ပြီး neural network ဘာသာရပ်ကို လေ့လာသင်ကြား နေပါတယ်။ အသက် ၁၃ နှစ်အရွယ်ကတည်းက Code ရေးသားခင်းကို ကိုယ်တိုင်စာအုပ်ဖတ် လေ့ကျင့်လာသူဖြစ်ပြီး ယနေ့မှာ ယခုကဲ့သို့ ဖန်တီးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref: mashable
ရိုးရာလေး နည်းပညာ
0 comments:
Post a Comment