Wednesday, August 28, 2013

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်

S-28-8
ရွှေတိဂုံ စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည် များ အား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်)
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက် ခဲ့ပြီး နိုင်ငံခြားသားများထံမှ အလှူငွေ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်နှင့် FEC တစ်သန်းကျော် ရရှိ ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရွှေတိဂုံ စေတီတော်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံခြားသား ဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်အတွင်း ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ပြည့်နှစ် အတွင်း ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်အတွင်း ၂၂၅၃၈၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ၅၉၂၉၇၂ ဦးဖြင့် ၀င်ရောက်ဖူးမြော်မှု ဆက်တိုက်မြင့်တက် လာခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တက်ရောက်ဖူးမြော်သည့် နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ ၂၀၄၉၀၃၅ နှင့် FEC  ၁၅၃၈၈၁၇ ရရှိခဲ့ကြောင်း ရွှေတိဂုံစေ တီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

"ရွှေတိဂုံ စေတီတော်ကို လာရောက်ဖူးမြော်ကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အနေနဲ့ ရွှေတိဂုံ စေ တီတော်မြတ်ကြီးရဲ့ သမိုင်းကြောင်း နောက်ခံတွေကိုလည်း လမ်းညွှန်စာစောင်တွေမှာ သိရှိနိုင်ဖို့ ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေလည်း ထားရှိပေးသွားမှာပါ" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ရွှေတိဂုံ စေတီတော်တွင်ရှိသော လေ့လာကြည်ညိုဖွယ်ရာ နေရာများအား အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ် ထားသည့် လမ်းညွှန်လက်ကမ်း စာစောင်များကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် ရွှေတိဂုံ စေတီတော် သို့ လာရောက် သည့် နိုင်ငံခြားသားများကို ဖြန့်ဝေသွားမည်ဖြစ်ပြီး လမ်းညွှန် လက်ကမ်း စာစောင်များအား အရေအတွက်အားဖြင့် ရှစ်သိန်းစတင် ဖြန့်ဝေ သွားမည်ဖြစ်ပြီး နှစ်လလျှင် သုံးသိန်းရိုက်နှိပ် သွားမည်ဖြစ် သည်။

Eleven Media Group

0 comments:

Post a Comment