ပြည်ထောင်စုဝန်ကြီးများသည်...လွှတ်တော်အမတ်များသာဖြစ်ပြီး...သမ္မတမှအမည်စာရင်းတင်သွင်းကာ လွှတ်တော်မှ အတည်ပြုပေးလိုက်သည့် ပုဂ္ဂိုလ်များသာဖြစ်ကြပါသည်.... ပညာရှင်များ မဟုတ် ကြပါ။၎င်းတို့၏အဓိကတာဝန်မှာ...အစိုးရယန္တယား အစဉ်ပြေခြောမွေ့စွာလည်ပတ် လုပ်ဆောင် နိုင်ရန်နှင့်လွတ်တော်နှစ်ရပ်မှချမှတ်ပေးလိုက်သည့်မူဝါဒများကိုအောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်...လွတ်တော်ကိုတာဝန်ခံ၇သည့်ပုဂ္ဂိုလ်များသာဖြစ်ကြ ပါသည်...ယနေ့လွှတ်တော်တွင်...လွှတ်တော်ကိုယ်စားလှယ်များမေးမြန်းချက်ကိုပြည်ထောင်စုဝန် ကြီးများပြန်လည်ဖြေကြားနေရခြင်းသည်...၄င်းကိစ္စပင်ဖြစ်ပါသည်...အစိုးရဌာနများအနေဖြင့်...ပညာရှင်များဖြင့်ဖွဲ့စည်းဖော်ဆောင်ထားသောနေရာဌာနဖြစ်ပါသည်...ဥပမာ..သစ်တောရေးရာ..ဆောက်လုပ်ရေး...လျှပ်စစ်...၄င်းဌာနများတွင်သက်ဆိုင်ရာဘာသာရပ်ကိုအထူးပြုသင်ကြားတတ်မြောက် ကြသောပညာရှင်များသာလုပ်သက်အတွေ့အကြုံအရအဆင့်ဆင့်ရာထူးတိုးတက်ပြီးဌာန ဆိုင်ရာများ တွင်အကြီးအကဲများဖြစ်လာကြခြင်းဖြစ်ပါသည်.။ပြည်ထောင်စုဝန်ကြီးအနေဖြင့် ၄င်းတို့၏လုပ်ဆောင်ချက်များကိုထိန်းကြောင်းညှီနှိုင်းပြီးဆုံးဖြတ်ချက်ပေးရန်အဓိကတာဝန်ဖြစ် ပါသည်။ချမှတ်ပေးသည့်မူဝါဒများကိုသက်ဆိုင်ရာဌာနများအနေဖြင့်အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီးမအောင်မြင်ပါကနိုင်ငံရေးပိုင်းအရသိက္ခာကျဆင်းမည်ဖြစ်ပါသဖြင့် ပြည်ထောင်စုဝန်ကြီးများကအထူးကြပ်မတ်ဆောင်ရွက်ပေးရန်သာဖြစ်ပါသည်..။ပြည်နယ်/တိုင်းဒေသကြီးများ၏လုပ်ပိုင်ခွင့်များကိုပြန်လည်အသက်သွင်းပေးခြင်းဖြင့်တာဝန်ယူမှုအပိုင်းနှင့်တာဝန်ခံမှုအပိုင်းတွင်ဆင့်ကဲဆင့်ကဲစီမံအုပ်ချုပ်စေခြင်းဖြင့်..စီမံကိန်းများကိုအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်...သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးများ၏ ၀န်ကြီးများမှာ ပြည်ထောင်စု ၀န်ကြီးကိုတာ ၀န်ခံပေးရမည်ဖြစ်ပါသည်...ပြည်ထောင်စုဝန်ကြီးမှလည်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးများကိုပြည်ထောင်စုလွှတ်တော်မှချမှတ်ပေးသည့်မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ညွှန်ကြားမှုများပြုလုပ်ပေးခြင်းဖြင့် up to down နှင့် down to up harmony ဖြစ်မည်ဖြစ်ပါသည်.ထိုသို့ဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်သော အစိုးရနှင့်သန့်ရှင်သောအစိုးရဖြစ်ပေါ်မည်မှာဧကန်မလွဲဖြစ်ပါသ်ည်။ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများနှင့်ပြည်နယ်/တိုင်းဒေသကြီးများ၏ ၀န်ကြီးများကိုတာဝန်နှင့်လုပ်ပိုင်ခွင့် သတ်မှတ်ပေးစေခြင်းဖြင့်ကောင်းမွန်မှန်ကန်သောအစိုးရယန္တယားကိုလည်ပတ်စေနိုင်မည်ဖြစ်ပြီးတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ပါသည်။အထူးသတိပြုရန်မှာ ၀န်ကြီးများအနေဖြင့်နွားရှေ့ ထွန်မကျူးမိစေရန်အလွန်အရေးကြီးကြောင်းဖော်ပြအပ်ပါသည်။
0 comments:
Post a Comment