Saturday, August 10, 2013

ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် သုံးရက်အတွင်း တရုတ်ပြည်သို့ ခိုးထုတ်သည့် သစ်ကား ၅၇ စီးဖမ်းမိ

8.9.16
ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် စစ်ဆေးရေးတာဝန် ထမ်းဆောင်နေသူ များကို တွေ့ ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်အတွင်း တရုတ်ပြည်သို့ ခိုးထုက်သည့် သစ်ကား ၅၇ စီးကို တရားခံနှစ်ဦးနှင့်အတူ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ သုံးရက်တာ ကာလအတွင်း ဖမ်းဆီးရ မိခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမော်ခရိုင် ရဲအဖွဲ့မှ ဦးစီးပြီး ခြေလျင်တပ် ခမယ ၃၁၉ နှင့် ၄၃၇ တို့သည် လွယ်ဂျယ်-မိုးမောက် လမ်းပိုင်းကို သြဂုတ် ၅ ရက်မှစတင်၍ ပိတ်ဆို့ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ၆ ရက်နေ့တွင် ၅၁ စီး၊ ၇ ရက်နေ့ တွင် လေးစီး (တမလန်းသစ်တန် ၈၀ တန်)၊ ၈ ရက်နေ့တွင် တစ်စီး၊ စုစုပေါင်း ၅၇ စီးကို လွယ်ဂျယ်- မိုးမောက် လမ်းပေါ်ရှိ လော့ဒန်ကျေးရွာ အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သစ်တန်စုစုပေါင်းကို တိုင်းတာနေ ဆဲ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ စုံစမ်းသိရှိရသည်။
ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ''မိတဲ့သစ်ခွဲသားက ၆ ပေ ၉ ပေ တရုတ်ဆိုက်တွေပါ။ သစ်အမျိုး အစားကကျွန်းနဲ့တံမလန်း သစ်ခွဲသားတွေပါ။ ပမာဏအတိအကျ စာရင်းမရောက် သေးပါဘူး'' ဟု ပြောကြားခဲ့သည်။
8.9.1
တရုတ်နိုင်ငံသို့ ခိုးထုတ်နေသည့် သစ်ကားများမှ သစ်ခွဲသားများအား စစ်ဆေးနေစဉ်
ပြည်နယ်သစ်တော ညွှန်ကြားရေးမှူးက ''ပြည်နယ်ရဲ့ လုံခြုံရေး အခြေနေအရ သစ်တောဝန်ထမ်းတွေ အနေနဲ့ လုံခြုံရေးမပါဘဲ သွားလို့မရဘူး။ တရားမ၀င် သစ်ခိုးထုတ် နေတာတွေကို ပြည်သူတွေ အနေနဲ့ တိုင်ကြားလို့ ရပါတယ်။ ပြည်ပကို ခိုးထုတ်နေတဲ့ သစ်တွေကတော့ ကျွန်း၊ တမလန်း အဖိုးတန် သစ်တွေပေါ့'' ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်း ဧရိယာ ၆၆ ဒသမ ၁၂ ရာခိုင်းနှုန်း ရှိသည်ဟု သိရပြီး ၂၀၁၃ ခုနှစ်တွင် ဇန်န၀ါရီလမှ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်အထိ သစ်ဖမ်းဆီးရမိမှု ၃၉ မှု၊ ကျွန်း၊ တမလန်း တန်ချိန် ၃၂၀ တန်၊ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း သုံးထောင့်ငါးရာနီးပါး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment