Wednesday, August 7, 2013

၈၈ အရေးအခင်း ကာလနှင့် ရွှေဝါရောင်သံဃာ အရေးအခင်းမှ ဖြစ်ရပ်ဓာတ်ပုံများကို ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားတွင် ပြခန်းများ ဖွင့်လှစ်ပြသ

V-7-8
အထိမ်းအမှတ် ပြခန်းတွင် လေ့လာနေသူများအား တွေ့ရစဉ်
၈၈ အရေးအခင်းကာလ၊ ရွှေဝါရောင်သံဃာ အရေးအခင်းများအပြင် ABSDF အဖွဲ့တို့၏ ဖြစ်ရပ်မှတ်တမ်း ဓာတ်ပုံများကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား တွင် ပြခန်း များဖြင့် ပြသ လျက်ရှိပြီး အများပြည်သူများ အနေဖြင့် လွတ်လပ်စွာ လေ့လာနိုင်ကြောင်း သိရသည်။
ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို ရန်ကုန်မြို့ရှိ MCC ခန်းမတွင် သြဂုတ် ၆ ရက်မှ စတင်ပြုလုပ်လျက်ရှိရာ သြဂုတ် ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အထိမ်းအမှတ်ပြခန်း ၂၄ ခန်းဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြခန်းများမှာ အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ နေမှုထိုင်မှု အခြေအနေကို ဖော်ပြသော ထောင်ပြခန်း၊ ရှစ်လေးလုံးအရေးတော်ပုံ ကာလအတွင်း ထုတ်ဝေခဲ့သော သတင်းဂျာနယ်များ ပြခန်း၊ သတင်းစာများ ပြခန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) ၏ ကျဆုံး၊ ဒဏ်ရာရ ရဲဘော်များ၏ မှတ်တမ်းများပြခန်းနှင့် ယင်းကာလ များက အခြေအနေများကို မှတ်တမ်းတင်ထားမှုအား ပြသထားသည့် ဗီဒီယိုပြခန်း များကို ပြသ ထားရှိ သည်။
ထို့အပြင် နိုင်ငံရေးသရုပ်ဖော် ကာတွန်းများ၊ ပန်းချီများနှင့် ရှစ်လေးလုံး အရေးတော်ပုံကာလက ရှားပါးမှတ်တမ်းဝင် ဓာတ်ပုံများကို စုစည်းပြီး ပြခန်းတစ်ခုအဖြစ် ပြသထားရာ နှစ်သက်သူများ အနေဖြင့် လည်း ၀ယ်ယူနိုင်ကြောင်း သိရသည်။
ထောင်ပြခန်းမှာ ထောင်ပုံသဏ္ဌာန် တူညီအောင် ပြုလုပ်ထားရှိပြီး ထောင် ၀တ်စုံ၊ နိုင်ငံရေး အကျဉ်းသားများ ထောင်အတွင်းပြုလုပ်ခဲ့သော အထိမ်းအမှတ်ပစ္စည်း များကို ပြသထား ရှိ သည်။ ပြ ခန်းပေါင်း ၂၄ ခန်းအနက် ၈၈ ငွေရတု အထိမ်းအမှတ် ပြခန်းအဖြစ် ပြခန်း ၂၀၊ ABSDF အဖွဲ့ အတွက် ပြခန်းလေးခန်းကို အသုံးပြု ပြသလျက် ရှိသည်။

EMG

0 comments:

Post a Comment