Thursday, August 8, 2013

ရှစ်လေးလုံးငွေရတု အရေးတော်ပုံ အခမ်းအနား၏ 'တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု' ဆွေးနွေးပွဲတွင် ခေါင်းစဉ်လေးရပ်ဖြင့် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပါဝင်ဆွေးနွေး

P-8-8
တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ-အောင်ဇော်ထွန်း)
သြဂုတ် ၇ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား ဒုတိယနေ့တွင် တိုင်းရင်းသားရေး၊  ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ကဏ္ဍတွင် ရှေ့ဆက် လုပ်ဆောင် မည့် အဆိုပြုချက်များကို ဆွေးနွေးခဲ့ရာ ခေါင်း စဉ်လေးရပ်ဖြင့် ဆွေးနွေးခဲ့သည်။
"တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု" ကဏ္ဍတွင် ရှေ့ဆက် လုပ်ဆောင်မည့် အဆိုပြုချက်များနှင့် ပတ်သက်ပြီး ခေါင်းစဉ်လေးရပ်ဖြစ်သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသစ်ပြန်လည်ရေးဆွဲရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ထောင်ရန်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့် ပြည်ထောင်စုညီလာခံတစ်ခု ကျင်းပရန် တို့ကို ဆွေးနွေး ခဲ့ကြသည်။
ရှစ်လေးလုံးငွေရတု အခမ်းအနား၏ "တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင် စု" ကဏ္ဍတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းများမှ ဦးဆောင် သူများ၊ တိုင်းရင်းသားလူမျိုးများ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ပြည်ထောင်စုညီလာခံတစ်ခု ကျင်းပရန်ဟူသည့် ခေါင်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရာ အဆိုပါ ညီလာခံ ပြုလုပ်ရာတွင် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ဒီမိုကရေစီ အင်အားစုများ၊ ပြည်သူလူထုကို ကိုယ်စားပြုသည့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန်လိုအပ်ပြီး ညီလာခံတွင် ပါဝင်နိုင်မည့် အချိုးအစားကို မျှတစွာ ပါဝင်ခွင့်ရရေး ထည့်သွင်းစဉ်းစားရန် . . . . .
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူများ ခေတ္တတက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ တက်ရောက်လာသူများက အပစ်အခတ် ရပ်စဲရေး ကိစ္စများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ တစ်တိုင်းတစ်ပြည်လုံး အကောင်အထည်ဖော်ရန် နှစ်ဖက်တပ်များ အနေဖြင့် အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း သဘောတူညီချက်များကို တိကျစွာလိုက်နာရန်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ထောင်ရန် ဟူသည့် ခေါင်းစဉ်နှင့် ဆွေးနွေး ရာတွင် ချင်းအမျိုးသားတပ်ဦး (CNF) မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျှံမုန်းက "ခွဲထွက်ခွင့်ဆိုတာ ဖက်ဒရယ်စနစ် မဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ ပူးပေါင်းရေးပဲ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ခွဲထွက်ခွင့်က ဖက်ဒရယ်စနစ်နဲ့ မဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း တင်ပြချင်ပါတယ်" ဟု ဆွေးနွေးပြောကြားသည်။
ပင်လုံစိတ်ဓာတ်ကို အခြေခံသော တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ပြည်ထောင်စုညီလာခံတစ်ခု ကျင်းပရန်ဟူသည့် ခေါင်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရာ အဆိုပါ ညီလာခံ ပြုလုပ်ရာတွင် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ဒီမိုကရေစီ အင်အားစုများ၊ ပြည်သူလူထုကို ကိုယ်စားပြုသည့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရန်လိုအပ်ပြီး ညီလာခံတွင် ပါဝင်နိုင်မည့် အချိုးအစားကို မျှတစွာ ပါဝင်ခွင့်ရရေး ထည့်သွင်းစဉ်းစားရန် ဆွေးနွေးပွဲ တက်ရောက်သူ များက ဆွေးနွေးခဲ့ကြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ အင်ဒီရာနာတက္ကသိုလ်မှ ဆရာဦးကျော်သူစိုးက "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ လသုံးဆယ်ပဲ လိုတော့တယ်။ ဒေါ်စုကလည်း ပြောနေတယ် တစ်လအတွင်း ရေးလို့ရတယ်။ လွှတ်တော် ထဲမှာ လည်း ကော်မတီဖွဲ့ပြီး လုပ်နေတယ်။ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကိုယ့်ရဲ့ရပိုင် ခွင့်ကို တောင်း ဆိုရမယ်။ ဒါအင်မတန် ရခဲတဲ့ အခွင့်အရေးကို ဒါကိုရေးဆွဲဖို့ အချိန်မဖြုန်းကြပါနဲ့" ဟု ဆွေးနွေးပြော ကြားသည်။

EMG

0 comments:

Post a Comment