![]() |
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း) |
နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေ အလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
တွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ် သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာ တင်ပြချက်တွင် အကြံပြု တင်ပြထားသည်။
ကော်မတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာ၍ "လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ဟူသော အသုံးအနှုန်း မသုံးခဲ့သော်လည်း ဖက်ဒရယ် စနစ်ကို အခြေခံသော ၀ိသေသလက္ခဏာများပါဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသော ဖက်ဒရယ် စနစ်၏ အင်္ဂါရပ်များပါရှိပြီးဖြစ်ကြောင်း၊ လက်တွေ့ညှိနှိုင်း ကျင့်သုံးရင်း အများလက်ခံလာစေ ရန် ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက အောင်မြင်မည်ဟု ယုံကြည်ပါသည်" ဟု သုံးသပ်ခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ထည့်သွင်းအကြံပြုခဲ့ရာတွင် ထိုသို့ထည့်သွင်း အကြံပြုခဲ့ခြင်း ဖြစ် သည်။
ထို့အပြင် တိုင်းရင်းသား လူမျိုးများအား စွမ်းရည်မြှင့်တင်ပေးမှုကို အစီအမံဖြင့် ဆောင်ရွက်၍ ရာထူး တာဝန်များ ခွဲဝေခန့်အပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာ၊ ဓလေ့ထုံးတမ်း၊ တိုင်းရင်းသား လက္ခဏာများကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးသင့်ကြောင်း၊ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာ၊ တိုင်းရင်းသား တိုင်းကို အသိအမှတ်ပြု ဘုံအကျိုးစီးပွားကို ဖော်ဆောင် သွားရန် လိုကြောင်း၊ ပြည်ထောင်စုအစိုးရ အရာထမ်း၊ ၀န်ထမ်းများသည် တာဝန်ထမ်းဆောင်သော နေရာဒေသရှိ တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းရန် လိုအပ်ကြောင်း အကြံပြု တင်ပြထားသည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများကို လေ့လာသုံးသပ်၍ ဖက်ဒရယ်စနစ် ကျင့် သုံးသော နိုင်ငံများနှင့် နှိုင်းယှဉ်ဖော်ပြပြီး "နိုင်ငံတကာ၌ ဖက်ဒရယ်စနစ် ကျင့်သုံးကြသော နိုင်ငံများ၌ အချုပ်အခြာအာဏာကို မထိပါးစေသော အာဏာခွဲဝေ ကျင့်သုံးကြကြောင်း၊ နိုင်ငံရေး စနစ် ဖော်ဆောင်ခြင်းသည် ပုံတူယူ၍ လုပ်ဆောင်ခြင်းမပြုအပ်ဘဲ မိမိနိုင်ငံ၏တိုင်းရင်းသား လူမျိုးများ၏ သဘောသဘာဝနှင့် သမိုင်းနောက်ခံ အခြေပြု ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြထားသည်။
Eleven Media Group
0 comments:
Post a Comment