မေ ၁ ရက်က ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သည်ဟု ယူဆရသူများကို ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ နယ်၊ ဥက္ကံမြို့တွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကို မကြာမီ ရက်ပိုင်းအတွင်း ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း သြဂုတ် ၆ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက် နံနက် ၉ နာရီက ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီးလမ်းအတွင်းမှ ဗုဒ္ဓ ဘာသာဝင် ကိုရင်တစ်ပါးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးတို့ မတော်တဆ တိုက်မိပြီး သပိတ်ပြုတ်ကျ ကွဲရာမှ စတင်၍ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အဆိုပါ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပဋိပက္ခ ဖြစ်စဉ်ကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်း မှ သိရသည်။
ဥက္ကံမြို့တွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသန္တရအမိန့် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ တိုက်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က "ဒီအမိန့်ကို ထုတ်ပြန်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်ကို အမြန်ဆုံးထိန်း ချုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အခု လတ်တလော အခြေအနေမှာ ဥက္ကံမြို့တစ်ခုလုံး ယခင်ပုံစံအတိုင်း အေးအေးချမ်းချမ်း ပြန်ဖြစ်နေပါပြီ။ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၈၈ ကို အခုရက်ပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းသွားဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့ သက်ရောက်မှုကလည်း သုံးလအထိပဲ ဖြစ်ပါတယ်။ အခုလို ထုတ်ပြန်ထားတဲ့ကာလမှာ ပြဿနာတွေ မဖြစ်ခဲ့တဲ့ ကျေးရွာတွေနဲ့ မြို့တွေအနေနဲ့ လူမှုရေး ထိခိုက်မှုတွေ၊ စီးပွားရေး ထိခိုက်မှုတွေ အနည်းငယ် ရှိခဲ့ပါတယ်။ အခု ပြန်ရုပ်သိမ်းမယ် ဆိုရင်တော့ မနက်အစောပိုင်း ဈေးရောင်းတဲ့ သူတွေအားလုံး ပြန်အဆင်ပြေသွား မှာပါ" ဟု သြဂုတ် ၆ ရက် နံနက်ပိုင်းက ဆိုသည်။
ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကို မေလအတွင်းက တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ခဲ့သည့် အစပိုင်းတွင် နံနက် ၆ နာရီမှ ည ၆ နာရီထိဖြစ်ပြီး ယခုအခါတွင် ည ၉ နာရီမှ နံနက် ၄ နာရီထိ လျှော့ချခဲ့ကြောင်း တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရ သည်။
"ဥက္ကံပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးနဲ့ လူသတ်မှုကို ကျူးလွန် တဲ့ တရားခံတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပြီးသွားပါပြီ။ အခုကာလမှာလည်း အကျိုး ဖျက်ဆီး တဲ့ ကျူးလွန်သူ အယောက်သုံးဆယ်ကိုလည်း တရားရုံးမှာ တရားစွဲဆိုထားတယ်" ဟု တိုက်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
EMG
0 comments:
Post a Comment