Thursday, August 29, 2013

ယာဉ်စည်းကမ်း စစ်ဆေးရာ ဆိုင်ကယ်သမားထံမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

Photo: ယာဉ်စည်းကမ်း စစ်ဆေးရာ ဆိုင်ကယ်သမားထံမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ 
Thursday, August 29, 2013

ယနေ့နံနက် (၉)နာရီ အချိန်တွင် လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့မှ လားရှိုးမြို့တွင်း ယာဉ်ကြောများအား ယာဉ်စည်းကမ်းအား ရှောင်တခင် စစ်ဆေးနေစဉ် ယာဉ်စည်းကမ်း ချိုးဖောက်နေသော ဆိုင်ကယ်သမားထံမှ မူးယစ်ဆေးဝါးများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှုးမိုးခိုင် ကြီးကြပ်မှုဖြင့် လားရှိုးမြို့တွင်းရှိ ယာဉ်ကြောများကို ယာဉ်စည်းကမ်းနှင့်အညီ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်နေစဉ် မြသင်းကြူ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးရုံးအနီးရှိ ပြည်ထောင်စု လမ်းမကြီးအတိုင်း တာဝန်ကျသော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးမိုးခိုင်ဦးနှင့် တပ်ကြပ်ကြီး စောသူရထူးအောင်တို့မှ နံပါတ်မပါ 125-KENBOဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းဆိုင်ကယ်ယာဉ်မောင်း အောင်မြင့်နှင့်အတူ လိုက်ပါလာသူ ဆိုင်မွန်းဆိုသူမှာ ထွက်ပြေးသွားသဖြင့် မသင်္ကာဖွယ်တွေ့ရ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့သည်။

ယင်းဆိုင်ကယ်သမားနှစ်ဦးအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် သက်သေများဖြင့် ရှာဖွေစစ်ဆေးရာ အဆိုပါဆိုင်ကယ်ယာဉ်နောက်မှ လိုက်ပါထွက်ပြေးသူ ဆိုင်မွန်းဆိုသူ၏ ၀တ်ဆင်ထားသော တရုတ်ပိုက်လော့ဂျာကင် (အစိမ်းရောင်)အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသော ရောင်စုံဆပ်ပြာခွက်(၇)ခွက်ကို တွေ့ရပြီး ၎င်းအတွင်း၌ဘိန်းဖြူဟု ယူဆရသောပန်းရောင်အမှုန့်(၇)ထုပ် ကို တွေ့ရ၍ (၁)ထုပ်လျှင် အလေးချိန်(၁၅)ဂရမ်ခန့်စီပါပြီး စုစုပေါင်းအလေးချိန်(၁၀၅)ဂရမ်နှင့် တန်ဘိုးအားဖြင့် ငွေကျပ်သိန်းနှစ်ဆယ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း
လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

အဆိုပါ တရားခံနှစ်ဦးသည် ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ကွမ်းမောက်ကျေးရွာနေသူများဖြစ်ကြောင်း အမှုစစ်ဆေးချက်အရ သိရသည်။ ယင်းကြောင့် ဘိန်းဖြူဟု ယူဆရသော မူးယစ်ဆေးဝါး
သယ်ဆောင်လာသူ ဆိုင်ကယ်သမားနှစ်ဦးအား လားရှိုးယာဉ် ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းကြွယ်က လားရှိုးမြို့မ ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းရာ မြို့မရဲစခန်းမှ မယ(ပ)၁၃၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားပြီး ဒုရဲအုပ်စိုင်းကိုကိုမှ အမှုအားဆက်လက် စစ်ဆေးဆောင်ရွက်နေကြောင်းလည်း ရဲစခန်းမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

ယနေ့နံနက် (၉)နာရီ အချိန်တွင် လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့မှ လားရှိုးမြို့တွင်း ယာဉ်ကြောများအား ယာဉ် စည်းကမ်းအား ရှောင်တခင် စစ်ဆေးနေစဉ် ယာဉ်စည်းကမ်း ချိုးဖောက်နေသော ဆိုင်ကယ် သမားထံမှ မူးယစ်ဆေးဝါးများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှုးမိုးခိုင် ကြီးကြပ်မှုဖြင့် လားရှိုးမြို့တွင်းရှိ ယာဉ်ကြောများကို ယာဉ် စည်းကမ်းနှင့်အညီ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်နေစဉ် မြသင်းကြူ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးရုံးအနီးရှိ ပြည်ထောင်စု လမ်းမကြီးအတိုင်း တာဝန်ကျသော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး မိုးခိုင်ဦးနှင့် တပ်ကြပ်ကြီး စောသူရထူးအောင်တို့မှ နံပါတ်မပါ 125-KENBOဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရာ ၎င်းဆိုင်ကယ်ယာဉ်မောင်း အောင်မြင့်နှင့်အတူ လိုက်ပါလာသူ ဆိုင်မွန်းဆိုသူမှာ ထွက်ပြေးသွားသဖြင့် မသင်္ကာဖွယ်တွေ့ရ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့သည်။

ယင်းဆိုင်ကယ်သမားနှစ်ဦးအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် သက်သေများဖြင့် ရှာဖွေစစ်ဆေးရာ အဆိုပါ ဆိုင်ကယ်ယာဉ်နောက်မှ လိုက်ပါထွက်ပြေးသူ ဆိုင်မွန်းဆိုသူ၏ ၀တ်ဆင်ထားသော တရုတ် ပိုက်လော့ဂျာကင် (အစိမ်းရောင်)အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုး ထားသော ရောင်စုံ ဆပ်ပြာခွက်(၇)ခွက်ကို တွေ့ရပြီး ၎င်းအတွင်း၌ဘိန်းဖြူဟု ယူဆရသော ပန်းရောင် အမှုန့်(၇)ထုပ် ကို တွေ့ရ၍ (၁)ထုပ်လျှင် အလေးချိန်(၁၅)ဂရမ်ခန့်စီပါပြီး စုစုပေါင်း အလေးချိန် (၁၀၅)ဂရမ်နှင့် တန်ဘိုးအားဖြင့် ငွေကျပ်သိန်းနှစ်ဆယ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း
လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

အဆိုပါ တရားခံနှစ်ဦးသည် ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ကွမ်းမောက်ကျေးရွာနေသူများဖြစ်ကြောင်း အမှုစစ်ဆေးချက်အရ သိရသည်။ ယင်းကြောင့် ဘိန်းဖြူဟု ယူဆရသော မူးယစ်ဆေးဝါး သယ်ဆောင် လာသူ ဆိုင်ကယ်သမားနှစ်ဦးအား လားရှိုးယာဉ် ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းကြွယ်က လားရှိုးမြို့မ ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းရာ မြို့မရဲစခန်းမှ မယ(ပ)၁၃၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားပြီး ဒုရဲအုပ်စိုင်းကိုကိုမှ အမှုအားဆက်လက် စစ်ဆေးဆောင် ရွက်နေကြောင်း လည်း ရဲစခန်းမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

0 comments:

Post a Comment