Wednesday, August 7, 2013

အဓမ္မပြုကျင့်မီးရှို့သတ်ခံရတဲ့ ၁၁နှစ်အရွယ် ကလေးသေဆုံး

symbol of justice abc 20121213
အိန္ဒိယနိုင်ငံက ​အဓမ္မကျင့်ခံရပြီး ​မီးရှို့သတ်ခံရတဲ့ ​အသက် ​၁၁နှစ်အရွယ် ​ကလေးမလေးဟာ​တနင်္ဂနွေနေ့က ​ဆေးရုံမှာ ​ဆုံးသွားခဲ့တယ်လို့ ​သိရပါတယ်။
အသက် ​၁၁နှစ်အရွယ်ကလေးမလေးကို ​အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသားဟာ​ကလေးမလေး က ​ဖော်ထုတ် မှာကို ​စိုးရိမ်တဲ့အတွက် ​ကလေးမလေးကို ​မီးနဲ့ရှို့ခဲ့တာဖြစ်ပါတယ်။ မီးရှို့ခံရတဲ့ ​ကလေးမလေးဟာ ​အစိုးရဆေးရုံကို ​ပို့ခဲ့ပေမယ့် ​ဆေးရုံမှာပဲ ​သေဆုံးခဲ့ပါတယ်။ ရဲတွေက ​ဒေသခံ ​အမျိုးသားတဦးကို ​ဖမ်းဆီး ခဲ့ပြီး ​စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ​ကလေးမလေးရဲ့ ​မိဘတွေကတော့ ​သူတို့ရဲ့ ​သမီးကို ​အဓမ္မကျင့် ​သတ်ပစ်တဲ့သူ ​ဘယ်သူမဆို ​သေဒဏ်အပစ်ပေးပို့ ​တောင်းဆိုနေပါတယ်။


ABC Radio

0 comments:

Post a Comment