ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရွာသာကြီး ရပ်ကွက်တွင် ယမန်နေ့ လေးနာရီခွဲအချိန်က သားသတ်ရုံ အနောက် ဖက်ရှိ မီးရထားလမ်းဘေးတွင် နွားကျောင်းနေသောလူတစ်ဦး မီးရထားပွတ်တိုက် သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်းမှ သိရသည်။
သေဆုံး သွားသူသည် ဒဂုံမြို့အရှေ့ပိုင်း ရွာသာကြီးရပ်ကွက တွင် နေထိုင်သူဖြစ်ပြီး ရန်ကုန်မှ မန္တလေး သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1358 အမှတ်(၅) အဆန် မန္တလေးအမြန်ရထားနှင့် ပွတ်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။“အဆန်ရထား တော့ဖြတ်သွားတာသိတယ်။ ရထားတိုက်ခံရတယ်ဆိုလို့ သွားကြည့်တာ။ ဘယ်လို တိုက်မိတယ်တော့ မသိဘူး။ ခေါင်းမယ် သွေး ထွက်နေတာတော့ တွေ့ရတယ်”ဟု သွားရောက်ကြည့်ရှုသူ တစ်ဦးကပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်းမှ ဒုရဲအုပ် စောနေရူးက တရားလိုပြု လုပ်၍ ယင်းရဲစခန်းတွင် သေမှုသေ ခင်းအမှတ် ၁၃/၁၃ဖြင့် အမှုဖွင့် ဆော်ရွက်လျက်ရှိပြီး အမှုစစ်ရဲအုပ် သန်းဇော်ဦးမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့ခေတ်
0 comments:
Post a Comment