Wednesday, August 28, 2013

ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ဖြေလျှော့မှုများ ဆက်တိုက် ဆောင်ရွက်

ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ဖြေလျှော့မှုများ ဆက်တိုက် ဆောင်ရွက်
တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို   စီး ပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ  ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဖြေလျှော့မှုများ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ ဆက်တိုက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတွက်လည်း တရားမဝင် ကုန်သွယ် မှု အတိုင်းအတာတစ်ခုအထိ  တိုးတက်ခဲ့သော်လည်း ဖြေလျှော့မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို အခွင့်ကောင်း ယူ၍ တရားမဝင် ကုန်သွယ်မှုများ   လုပ်ဆောင်နေသည်ကို တွေ့ရပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုကြောင့်  တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့နှင့် မယှဉ်ပြိုင် နိုင်ပါကြောင်း၊ ပြည်တွင်း လုပ်ငန်းရှင်များကို လည်း ထိခိုက်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန် ဘဏ္ဍာများ ဆုံးရှုံး နေပါကြောင်း၊ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးကို ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ပြီး မူဆယ်လမ်းကြောင်းနှင့် မြဝတီ လမ်းကြောင်းများတွင် ဌာနစုံ ပါဝင်ပြီး ပုဂ္ဂလိက အသင်းအဖွဲ့များ၊ မီဒီယာများ ပါဝင် ဖွဲ့စည်းပြီး  ဆောင် ရွက် ခဲ့ခြင်းကြောင့် နယ်စပ် များမှ တစ်ဆင့် စတင် ဆောင်ရွက်ခဲ့သည့် အတွက် တရားမဝင် ကုန်သွယ်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချ နိုင်ခဲ့ ပါကြောင်း၊သို့သော်လည်း ကုန်သွယ်မှု၏ ၈ဝ ရာခိုင်နှုန်းသည် ပင်လယ်ရေကြောင်း မှတစ်ဆင့်  လုပ်ဆောင်ခြင်း ဖြစ်၍ ပင်လယ်ရေကြောင်းမှ တရားမဝင် ကုန်သွယ်မှု လျော့ နည်းစေ ရန်  ယခုလဆန်းမှ စပြီး ပင်လယ်ရေကြောင်းမှ ရန်ကုန် ဝင်ပေါက် ခုနစ်နေရာကို Mobile  Team ဖြင့် စတင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပညာပေး ကာလကို ယခုလကုန်အထိ သတ်မှတ် ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီ အနေအထား အရ ရှည်လျားလှသည့် ကမ်းရိုးတန်းနှင့် နယ်စပ်ဧရိယာ (Border  Line) များရှိနေခြင်းကြောင့် တရားမဝင် ကုန်သွယ်မှု ပပျောက်ရန် ခက်ခဲပါကြောင်း၊ အတတ်နိုင် ဆုံး လျော့နည်းစေရန် လုပ် ဆောင်ရမည် ဖြစ်ပါကြောင်း၊ ယခုနှစ်၏ ကုန်သွယ်မှု ရည်မှန်းချက် ၂၅ ဘီလီယံ ဖြစ်ပြီး ယခင်နှစ်ထက် ခုနစ်ဘီလီယံ ပိုမို များလာပါကြောင်း၊ ထို့အတွက်  တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိရေး အတွက် ဌာနဆိုင်ရာများ၊ ဒေသ အာဏာပိုင်များ၊ အသင်း အဖွဲ့များ အပြင် ကုန်သွယ် လုပ်ငန်းရှင်များ အားလုံး အသိစိတ်ဓာတ်နှင့် ဆောင်ရွက် ရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

Eleven Media Group

0 comments:

Post a Comment