လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းဖို့ကိစ္စ လွှတ်တော် မှာ ဆွေးနွေးပြီးတာနဲ့ ပြည်သူစိတ်အ၀င်စားဆုံး သတင်းအဖြစ် မီဒီယာတွေမှာ ရပ်တည်နေပြီး လူထုပါးစပ် ဖျားမှာ ယခုအချိန်အထိ
ပြောနေကြတာအားလုံးသိကြမှာပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဥပဒေ ကြမ်းကိုပြဌာန်းအတည်ပြုဖို့
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ၃ ယာက်ဆွေးနွေးသွားပြီးတာ နဲ့ လွှတ်တော်မှာ
လူစွမ်းကောင်းကြီးလို့ နာမည်ကြီးနေတဲ့ စစ်သားလူထွက် ဦးမောင်တိုးက ချက်ချင်းထကာ လွှတ်တော်ကိုယ်စားလှယ်တွေ
စည်းကမ်းမလိုက်နာတာ၊ စည်းကမ်းမရှိတာ ဒီကိစ္စနဲ့ဘာမှ မဆိုင်ဘူးဆိုပြီး အစချီလို့ဒေါကြီးမောကြီးထပြောခဲ့တယ်။ သူလည်းပြောပြီးသွားရော ဗိုလ်မှူးကြီးတင့်ဆန်းဆိုသူက ဦးမောင်တိုး ပြောသွားတာ
လွှတ်တော်နည်းဥပဒေနဲ့ မညီညွတ်တာတွေဖြစ်လို့ ကန့်ကွက်ကြောင်း လက်တုံ့ပြန်ခဲ့တာ အားလုံး
မှတ်မိကြမှာပါ။
ဦးမောင်တိုးကို လွှတ်တော်ဥပဒေနဲ့ ညီအောင်ဆွေးနွေးဖို့ထောက်ပြလိုက်လို့ဦးမောင်တိုးခေါင်းမထူနိုင်ဖြစ် သွားရုံမက အဲဒီ့ဗိုလ်မှူးကြီးတင့်ဆန်းကို
၃၀-၈-၂၀၁၃ ရက်နေ့လွှတ်တော်သတင်းတွေ ရိုက်ပြတော့ သတိထားမိလိုက်တာ ဗိုလ်မှူးချုပ်အပွင့်
ဝိုင်းဝိုင်းကြီးနဲ့ဖြစ်နေတယ်ဆိုတာပါပဲ။ အပြင်လူတွေ သတိမထားမိကြသေးပေမယ့် လွှတ်တော်ထဲမှာတော့
အရပ်သားအဖွဲ့တွေ သို့လော.. သို့လောနဲ့ တစ်ဖက်.. စစ်သားကိုယ်စားလှယ်အဖွဲ့တွေကြားမှာတော့ တောသားတွေ စစ်ဗိုလ်ဖြစ်၊ စစ်တပ်ထဲမှာ လူတစ်လုံးသူတစ်လုံးဖြစ်၊ ပြီးတော့ မဟုတ်တာတွေလုပ်လို့ လူကြီးမကြိုက်အပြစ်ဖြစ်ပြီး ရာထူး မတက်ဖြစ်၊ ဒါနဲ့အရပ်သားဖြစ်ချင်ဖြစ်၊
အရပ်ဘက်ပြောင်းချင်ပြောင်း၊ ပြီးတော့ စစ်တပ်မကောင်းကြောင်း အရသာခံပြောတော့ အဲ့လိုလူတွေပဲတဲ့…။
ဒီဥပဒေကြမ်းကို ကျွန်တော်စိတ်မ၀င်စားပေမယ့်
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ကိုယ်စားလှယ်တွေ စည်းကမ်းမရှိတာကို ထောက်ပြတာ လက်မခံတဲ့
ဦးမောင်တိုး၊ ပညာရှင်မဟုတ်ပေမယ့် အခြေခံ ဥပဒေကို ထိတာ နဲ့ ဆတ်ဆတ်ထိ မခံချင်ကြဘဲ ယဉ်ယဉ်လေးနဲ့
ပက်ကနဲ ပြန်ပြောလိုက်တဲ့ တစ်နေ့က ဗိုလ်မှူးကြီး အခုတော့ ဗိုလ်မှူးချုပ် ဦးတင့်ဆန်း၊
အဲဒီဥပဒေကြမ်းကို အတည်ပြုမှာကြောက်ကြတဲ့ လွှတ်တော်က ကိုယ်စားလှယ် အများစု.. ကဲ ဆက်ပြီးတွေးကြည့်တော့…။
ဘသိန်း
0 comments:
Post a Comment