Thursday, August 8, 2013

မြန်မာ ပဋိပက္ခဒေသများကို မသွားရန် ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရ တားမြစ်

Photo: မြန်မာ ပဋိပက္ခဒေသများကို မသွားရန် ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရ တားမြစ်

ရန်ကုန်၊ သြဂုတ် ၇

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အနီးဝန်းကျင်ဒေသများနှင့် ကချင်ပြည်နယ် ဒေသများကို ဗြိတိန်နိုင်ငံသားများ သွားရောက် လည်ပတ်ခြင်း မပြုကြရန် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးရုံးက သြဂုတ်လ ၆ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ယင်းနေရာများအပြင် အစိုးရနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့ကိုလည်း သွားရောက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်မှအပ ကျန်ဒေသများသို့ မသွားရန်၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်း ဒေသများသို့ မသွားရန်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုတို့မှအပ ကျန်နေရာဒေသများ အပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်ရာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများသို့ လည်ပတ်ခြင်း မပြုရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက တားမြစ်ထားသည်။

လူစုလူဝေးဖြင့် လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် ယင်းဖြစ်ရပ်များကို ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ခြင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို မှတ်တမ်းတင်ခြင်းများ မပြုလုပ်ရန် ယင်းဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့်ကို ပိတ်ပင်တားဆီးချက်များ ရှိနေပြီး ဗြိတိန်သံရုံး တာဝန်ရှိသူများ အနေနှင့်လည်း မြန်မာ့အာဏာပိုင်များ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ ရန်ကုန်မြို့တော်၏ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ဗြိတိန်နိုင်ငံက တားမြစ်လိုက်သည့် ဒေသများသည် ခရီးသွားများ သွားရောက်မှု နည်းပါးသည့် ဒေသများဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ် စီစဉ်ခြင်း မရှိသဖြင့် ယင်းတားမြစ်မှုသည် ခရီးသွားလုပ်ငန်းအတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အတွင်းက ဗြိတိသျှလူမျိုး ၇၃၀၀ ဝန်းကျင် လာရောက်လည်ပတ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးရုံး၏ စာရင်းဇယားများအရ သိရသည်။

အလားတူ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့ကလည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဒေသများကို သွားရောက် လည်ပတ်ခြင်း မပြုရန်  တားမြစ်ခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ အနီးဝန်းကျင်ဒေသ များနှင့် ကချင်ပြည်နယ် ဒေသများကို ဗြိတိန်နိုင်ငံသားများ သွားရောက် လည်ပတ်ခြင်း မပြုကြရန် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးရုံးက သြဂုတ်လ ၆ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ယင်းနေရာများအပြင် အစိုးရနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့ကိုလည်း သွားရောက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်မှအပ ကျန်ဒေသများသို့ မသွားရန်၊ မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်း ဒေသများသို့ မသွားရန်၊ ကချင်ပြည် နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုတို့မှအပ ကျန်နေရာဒေသများ အပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်ရာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများသို့ လည်ပတ်ခြင်း မပြုရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက တားမြစ်ထားသည်။

လူစုလူဝေးဖြင့် လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် ယင်းဖြစ်ရပ်များကို ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ခြင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို မှတ်တမ်းတင်ခြင်းများ မပြုလုပ်ရန် ယင်းဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့်ကို ပိတ်ပင်တားဆီးချက်များ ရှိနေပြီး ဗြိတိန်သံရုံး တာဝန်ရှိသူများ အနေနှင့်လည်း မြန်မာ့အာဏာပိုင်များ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ ရန်ကုန်မြို့တော်၏ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာနထံမှ သိရှိရသည်။

ဗြိတိန်နိုင်ငံက တားမြစ်လိုက်သည့် ဒေသများသည် ခရီးသွားများ သွားရောက်မှု နည်းပါးသည့် ဒေသ များဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ် စီစဉ်ခြင်း မရှိသဖြင့် ယင်းတားမြစ်မှုသည် ခရီးသွားလုပ်ငန်းအတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိနိုင်မည် မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ က ပြောကြား သည်။

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အတွင်းက ဗြိတိသျှလူမျိုး ၇၃၀၀ ဝန်းကျင် လာရောက်လည်ပတ် ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးရုံး၏ စာရင်းဇယားများအရ သိရသည်။

အလားတူ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့ကလည်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူး တိုင်းဒေသကြီးတို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဒေသများကို သွားရောက် လည်ပတ်ခြင်း မပြုရန် တားမြစ်ခဲ့ကြသည်။
The Voice

0 comments:

Post a Comment