Friday, August 2, 2013

မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ဂျွန်ကယ်ရီ ပါကစ္စတန်သို့ ရောက်ရှိ


Photo: မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ဂျွန်ကယ်ရီ ပါကစ္စတန်သို့ ရောက်ရှိ
Friday, Augest 02, 2013

ပါကစ္စတန်နိုင်ငံအတွင်း မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်း၍ တင်းမာမှုများကို ဖြေလျှော့ရန်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီသည် ပါကစ္စတန်နိုင်ငံသို့  ဇူလိုင် ၃၁ ရက်က ရောက်ရှိလာ
ခဲ့ကြောင်းနှင့် ၎င်း၏ ခရီးစဉ်ကို လုံခြုံ ရေးပေါက်ကြားမှု မရှိစေရန်အတွက် မည်သည့် ထုတ်ပြန်ချက်ကိုမျှ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းသည် သြဂုတ် ၁ ရက်တွင် ပါကစ္စတန် နိုင်ငံ၏ ဝန်ကြီးချုပ်အသစ် ဖြစ်သူ နာဝဇ်ရှာရစ်ဖ်နှင့်  တွေ့ဆုံကြောင်း သိရသည်။

ထို့အပြင် ၎င်းသည် ပါကစ္စတန် အတိုက်အခံများနှင့် တွေ့ဆုံပြီး မောင်းသူမဲ့
 လေယာဉ် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကျေလည်အောင် ဖြေရှင်းသွားမည်
 ဖြစ်ပြီး  အာဖဂန် တာလီဘန်များနှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် အစိုးရတာဝန် ရှိသူများကို   တိုက်တွန်း သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် အကြမ်းဖက်သမားများနှင့် အစ္စလာမ်မစ် အစွန်းရောက်
များကို  ချေမှုန်းရန် အတွက် ထိုကဲ့သို့ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ပါကစ္စတန် နိုင်ငံနှင့် အာဖဂန် နစ္စတန် နိုင်ငံတို့တွင် ပြု
လုပ်လျက်ရှိသည်။       

မြ၀တီ
ပါကစ္စတန်နိုင်ငံအတွင်း မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်း၍ တင်းမာမှုများကို ဖြေလျှော့ရန်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီသည် ပါကစ္စတန်နိုင်ငံသို့ ဇူလိုင် ၃၁ ရက်က ရောက်ရှိလာခဲ့ကြောင်းနှင့် ၎င်း၏ ခရီးစဉ်ကို လုံခြုံ ရေးပေါက်ကြားမှု မရှိစေရန်အတွက် မည်သည့် ထုတ်ပြန်ချက်ကိုမျှ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းသည် သြဂုတ် ၁ ရက်တွင် ပါကစ္စတန် နိုင်ငံ၏ဝန်ကြီးချုပ်အသစ် ဖြစ်သူ နာဝဇ်ရှာရစ်ဖ်နှင့် တွေ့ ဆုံကြောင်း သိရသည်။

ထို့အပြင် ၎င်းသည် ပါကစ္စတန် အတိုက်အခံများနှင့် တွေ့ဆုံပြီး မောင်းသူမဲ့ လယာဉ် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကျေလည်အောင် ဖြေရှင်းသွားမည်ဖစ်ပြီး အာဖဂန် တာလီဘန်များနှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် အစိုးရတာဝန် ရှိသူများကို တိုက်တွန်း သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် အကြမ်းဖက်သမားများနှင့် အစ္စလာမ်မစ် အစွန်းရောက်များကို ချေမှုန်းရန် အတွက် ထိုကဲ့သို့ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ပါကစ္စတန် နိုင်ငံနှင့် အာဖဂန် နစ္စတန် နိုင်ငံတို့တွင် ပြုလုပ်လျက်ရှိသည်။
မြ၀တီ

0 comments:

Post a Comment