မြန်မာနိုင်ငံမှ
လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိထားပြီး
ဆန်နှင့်ပဲမျိုးစုံ တင်ပို့မှုမှ အများဆုံးရရှိခဲ့ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
မြန်မာ့လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊
ဆီထွက်သီးနှံ၊ ရော်ဘာ၊ ကြက်ဆူ၊ သီဟိုဠ်စသည့် နှစ်ရှည်သီးနှံ၊ သရက်သီး၊
ဖရဲသီး၊ သရက်ပြားခြောက်၊ သခွားမွှေး စသည့် သစ်သီးဝလံများ၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းစို၊ ချင်းခြောက်စသည့်
မီးဖိုချောင် သီးနှံများ ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်ပိုင်းအထိ လယ်ယာထွက်ကုန်
တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၈၀၈ သန်း
ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အလားတူကာလတွင်
လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန် ၁၃ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ
၇၇၈ သန်းကျော် ရရှိခဲ့သဖြင့် ယခုနှစ်အတွင်း တင်ပို့မှုမှာ တန်ချိန်နှင့်
ရရှိငွေပါ လျော့နည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း
ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်၊
ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၉ သန်းကျော် ရရှိခဲ့သဖြင့်
လယ်ယာ ထွက်ကုန် ပစ္စည်း စုစုပေါင်း တင်ပို့မှုရရှိငွေ၏ ထက်ဝက်ကျော်
ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လယ်ယာထွက်ကုန် အုပ်စုများထဲမှ
ပြောင်းသီးနှံ၊ ဆီထွက်သီးနှံနှင့် မီးဖိုချောင် အုပ်စုဝင် သီးနှံများသာ
ယခင်နှစ်ထက် ၀င်ငွေပိုမိုရရှိခဲ့ပြီး ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊
နှစ်ရှည်သီးနှံနှင့် သစ်သီးဝလံတို့မှ ရရှိငွေမှာ လျော့ကျနေကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် ၂၀၁၂-၁၃ တစ်နှစ်လုံးတွင် မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းတန်ချိန်
၄၂ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်
ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု
ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး
နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ
ရာခိုင်နှုန်း ၈၀ ကုန်သွယ် မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ
တင်ပို့နေသည့် အပြင် မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊
ကန်ပိုက်တီး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ
တမူး၊ ရိဒ်၊ ထန်တလန် အစရှိသည့် နယ်စပ်စခန်းများမှလည်း ဆောင်ရွက်နေကြောင်း
သိရသည်။
တစ်နိုင်တစ်ပိုင် ကုန်သွယ်လိုသူများ ကုန်သွယ်မှု
ဆောင်ရွက်နိုင်ရန် အတွက်လည်း နယ်စပ်စခန်း များတွင် တစ်ဦးတည်းပိုင်
ကုန်သွယ်မှုကတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group
ပြည်ပသို့တင်ပို့မည့် လယ်ယာထွက်ပစ္စည်းများ သိုလှောင်ထားသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ
လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိထားပြီး
ဆန်နှင့်ပဲမျိုးစုံ တင်ပို့မှုမှ အများဆုံးရရှိခဲ့ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
မြန်မာ့လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရော်ဘာ၊ ကြက်ဆူ၊ သီဟိုဠ်စသည့် နှစ်ရှည်သီးနှံ၊ သရက်သီး၊ ဖရဲသီး၊ သရက်ပြားခြောက်၊ သခွားမွှေး စသည့် သစ်သီးဝလံများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းစို၊ ချင်းခြောက်စသည့် မီးဖိုချောင် သီးနှံများ ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်ပိုင်းအထိ လယ်ယာထွက်ကုန် တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၈၀၈ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အလားတူကာလတွင် လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန် ၁၃ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၇၈ သန်းကျော် ရရှိခဲ့သဖြင့် ယခုနှစ်အတွင်း တင်ပို့မှုမှာ တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်၊ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၉ သန်းကျော် ရရှိခဲ့သဖြင့် လယ်ယာ ထွက်ကုန် ပစ္စည်း စုစုပေါင်း တင်ပို့မှုရရှိငွေ၏ ထက်ဝက်ကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လယ်ယာထွက်ကုန် အုပ်စုများထဲမှ ပြောင်းသီးနှံ၊ ဆီထွက်သီးနှံနှင့် မီးဖိုချောင် အုပ်စုဝင် သီးနှံများသာ ယခင်နှစ်ထက် ၀င်ငွေပိုမိုရရှိခဲ့ပြီး ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ နှစ်ရှည်သီးနှံနှင့် သစ်သီးဝလံတို့မှ ရရှိငွေမှာ လျော့ကျနေကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် ၂၀၁၂-၁၃ တစ်နှစ်လုံးတွင် မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းတန်ချိန် ၄၂ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ် မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တင်ပို့နေသည့် အပြင် မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး၊ ရိဒ်၊ ထန်တလန် အစရှိသည့် နယ်စပ်စခန်းများမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။
တစ်နိုင်တစ်ပိုင် ကုန်သွယ်လိုသူများ ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန် အတွက်လည်း နယ်စပ်စခန်း များတွင် တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

0 comments:
Post a Comment