မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ၀န်ကြီးဦးစိုးဝင်း က ပြော ကြားနေစဉ်
ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေဆင်းရဲမှု ရာခိုင်နှုန်း
မြင့်တက်ခဲ့ပြီး အလုပ်လက်မဲ့များတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့်
အင်ဂျင်နီယာများထိ ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
ဝန်ကြီးဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
<p၀န်ကြီးဦးစိုးဝင်းက ''တစ်ဦးချင်းဝင်ငွေ ဆင်းရဲမှု ရာခိုင်နှုန်းမှာ
ဆိုရင် ၂၀၀၉ ခုနှစ်က ၁၅ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်။ ၂၀၁၀ မှာ ဆိုရင်တော့ ၁၆
ဒသမ ၁ ရာခိုင်နှုန်း ရှိတယ်'' ဟု ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ဂုဏ်ထူးတန်း
ဘွဲ့ရများမှ ဆရာဝန်များနှင့်
အင်ဂျင်နီယာများ အလုပ်လက်မဲ့ များတွင် ပါဝင်နေသော်လည်း ဆောက်လုပ်ရေး
လုပ်သားများ၊ စားသောက်ဆိုင် လုပ်သားများ၊ အရောင်း စာရေးနှင့်
အထွေထွေလုပ်သားများမှာ အလုပ်လက်ရှိမှုတွင် များပြားနေကြောင်း ရန်ကုန်
တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီးဌာန
ဝန်ကြီးဦးစိုးဝင်းက ''အခု ရန်ကုန်တိုင်း ဒေသကြီးမှာ အလုပ်လက်မဲ့တွေက
ဝိဇ္ဇာသိပ္ပံဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ဂုဏ်ထူးတန်း၊ စီးပွားရေးဘွဲ့နဲ့ ဆရာဝန်
ဘွဲ့ရတဲ့ သူတွေက အလုပ်လက်မဲ့ အမျိုးအစားတွေထဲမှာ ပါဝင်နေပါတယ်'' ဟု
ပြောကြားသည်။
လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၂ သန်းခန့်ရှိသည့် အနက်
၎ ဒသမ ၄ ရာခိုင်နှုန်းမှာ မြို့ပေါ်တွင် နေထိုင်နေပြီး ၁ ဒသမ ၈ သန်းမှာ
ကျေးလက် ဒေသတွင် ရှိနေကာ အလုပ် လုပ်ကိုင်နေသည့် လုပ်သားဦးရေမှာ ၇၀၂၀၇၉၄
ဦးရှိကြောင်း သိရသည်။
EMG

0 comments:
Post a Comment