Monday, August 19, 2013

ဧရာဝတီမြစ်ကြောင်း နှင့် ချင်းတွင်းမြစ် တို့တွင် ဆိပ်ကမ်းသစ် ၆ ခုထပ်မံ တည်ဆောက်ရန် လျာထား


ပို့ဆောင်ရေး ၀န်ကြီးဌာန အောက်ရှိ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိသည့်အပြင် ဧရာဝတီ မြစ်ရိုးတစ်လျှောက် တွင် ပြည်တွင်း ဆိပ်ကမ်း ၄ ခုနှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တွင် ဆိပ်ကမ်း ၂ ခု စုစုပေါင်း ဆိပ်ကမ်း ၅ ခု အသစ်ထပ်မံ ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ မြစ်ကြောင်းများ အဆင့်မြှင့်တင် ရေးနှင့် ဆိပ်ကမ်းများ တည်ဆောက်ရေး တွင် စီမံခန့်ခွဲမှု ပိုင်းနှင့် ဆိပ်ကမ်း အ၀င်ရေလမ်း ကြောင်းများ ကောင်းမွန်ရန် အတွက်လည်း ပြုလုပ် သွားမည် ဖြစ်သည်။ ယခုအခါ မြစ်ကြောင်း ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အတွက် ဘယ်လ်ဂျီယံ နိုင်ငံ SBE ကုမ္ပဏီ နှင့် ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုးရေး လုပ်ငန်းကို လုပ်ဆောင်ရန် လေ့လာမှုများ ၊ လူမှုရေး ဆိုင်ရာ အကျိုး သက်ရောက်မှု များကို လေ့လာပြီး ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

0 comments:

Post a Comment