Thursday, August 29, 2013

ကျပ်သိန်းရှစ်ရာကျော်တန်းဖိုးရှိ တရားမဝင်ဟန်းဆက်နှင့်လျှပ်စစ် ပစ္စည်းများ ရန်ကုန်လေဆိပ်နှင့်မြန်မာ့စက်မှုဆိပ်ကမ်းတွင် ဖမ်းမိ

Photo: ကျပ်သိန်းရှစ်ရာကျော်တန်းဖိုးရှိ တရားမဝင်ဟန်းဆက်နှင့်လျှပ်စစ် ပစ္စည်းများ ရန်ကုန်လေဆိပ်နှင့်မြန်မာ့စက်မှုဆိပ်ကမ်းတွင် ဖမ်းမိ
Thursday, August 29, 2013

ပြည်ပြည် ဆိုင်ရာလေဆိပ်နှင့်မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ တရားမဝင်မို ဘိုင်းလ်ဖုန်းဟန်းဆက်နှင့် လျှပ်စစ် ဆက်စပ်ပစ္စည်းမျိုးစုံ ကျပ်သိန်း ရှစ်ရာကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှသိရသည်။

အဆိုပါဖမ်းဆီးရမိမှုများ မှာ ဩဂုတ် ၁ရက်မှ ၂၅ ရက်ထိ ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ မိုဘိုင်းဖုန်းဟန်းဆက် စုစု ပေါင်း ၁၀၈ လုံး၊ တန်ဖိုး ကျပ်သိန်း ၅၃ သိန်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံကျပ် သိန်း ၇၉၁ သိန်း စုစုပေါင်း ကျပ် သိန်း ၈၄၄ သိန်းဖိုးဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှ အကြီးတန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

ယင်းက ''အခုလထဲမှာ ရန် ကုန်လေဆိပ်က တရားမဝင်ဖုန်း ဟန်းဆက်တွေနဲ့မျက်မှန်၊ မျက်ကပ် မှန်၊ မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းနဲ့ တရားမဝင်ဆေးဝါးတွေဖမ်းမိ တယ်။ မြန်မာ့စက်မှုဆိပ်ကမ်းက ကုန်သေတ္တာတစ်လုံးထဲမှာလဲ PVC ပိုက်တွေနဲ့ Plastic Packing Meterial နဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်း တွေဖမ်းမိခဲ့ပါတယ်''ဟု ပြောသည်။

အဆိုပါ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ ဖမ်းဆီးရမိသော တရားမဝင်ဆေးဝါး၊ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ မိုဘိုင်းဖုန်းဟန်းဆက်နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းမျိုးစုံ တို့အား အကောက်ခွန်ဥပဒေများ အရ အရေးယူထားကြောင်းသိရ သည်။

Yangon Media Group
ပြည်ပြည် ဆိုင်ရာလေဆိပ်နှင့်မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ တရားမဝင်မို ဘိုင်းလ်ဖုန်းဟန်းဆက်နှင့် လျှပ်စစ် ဆက်စပ်ပစ္စည်းမျိုးစုံ ကျပ်သိန်း ရှစ်ရာကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှသိရသည်။

အဆိုပါဖမ်းဆီးရမိမှုများ မှာ ဩဂုတ် ၁ရက်မှ ၂၅ ရက်ထိ ဖြစ်ပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ မိုဘိုင်းဖုန်းဟန်းဆက် စုစု ပေါင်း ၁၀၈ လုံး၊ တန်ဖိုး ကျပ်သိန်း ၅၃ သိန်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံကျပ် သိန်း ၇၉၁ သိန်း စုစုပေါင်း ကျပ် သိန်း ၈၄၄ သိန်းဖိုး ဖမ်းဆီး ရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှ အကြီးတန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

ယင်းက ''အခုလထဲမှာ ရန် ကုန်လေဆိပ်က တရားမဝင်ဖုန်း ဟန်းဆက်တွေနဲ့မျက်မှန်၊ မျက်ကပ် မှန်၊ မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းနဲ့ တရားမဝင်ဆေးဝါးတွေဖမ်းမိ တယ်။ မြန်မာ့စက်မှုဆိပ်ကမ်းက ကုန်သေတ္တာ တစ်လုံးထဲမှာလဲ PVC ပိုက်တွေနဲ့ Plastic Packing Meterial နဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်း တွေဖမ်း မိခဲ့ပါတယ်''ဟု ပြောသည်။

အဆိုပါ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ ဖမ်းဆီးရမိသော တရားမဝင်ဆေးဝါး၊ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ မိုဘိုင်းဖုန်းဟန်းဆက်နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းမျိုးစုံ တို့အား အကောက်ခွန်ဥပဒေများ အရ အရေးယူထားကြောင်းသိရ သည်။

Yangon Media Group

0 comments:

Post a Comment