Thursday, August 29, 2013

တရားမဝင်လာနေသူများကို အကြီးဆုံး ဖြိုခွင်းမှု အစီအစဉ် မလေးရှား စတင်လုပ်ဆောင်မည်

Photo: တရားမဝင်လာနေသူများကို အကြီးဆုံး ဖြိုခွင်းမှု အစီအစဉ် မလေးရှား စတင်လုပ်ဆောင်မည်
Thursday, August 29, 2013 

မလေးရှားနိုင်ငံသည် ရာဇဝတ်မှုတို့က နိုင်ငံ၏ လုံခြုံရေးကို အာရုံစိုက်လာ စေသောကြောင့် ၎င်းနိုင်ငံတွင်း မီဒီယာက အကြီးဆုံး အစီအစဉ်ဖြစ်မည်ဟု ဆိုထားသော တရားမဝင် ရောက်ရှိလာသည့်
နိုင်ငံခြား အလုပ်သမား ခန့်မှန်းခြေ သန်းဝက်ခန့်ကို ဖြိုခွင်းသည့် အစီအစဉ်ကို စတင်တော့မည်ဖြစ်သည်။

တနင်္ဂနွေနေ့တွင် စတင်မည့် သုံးလတာ စစ်ဆင်ရေးအောက်တွင် အာဏာပိုင်များသည် အဓိကအားဖြင့် နိုင်ငံကျယ်ဝန်ပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် အိမ်နီးချင်း အင်ဒိုနီးရှားမှ နိုင်ငံသားများ အပါအဝင်
နိုင်ငံခြားသား ငါးသိန်းခန့်ကို အိမ်ပြန်ပို့ရန် ရှာဖွေသွားမည်ဖြစ်ကြောင်း လူဝင်မှုဌာန ဥက္ကဌအာလီယာ အာမက်က ပြောကြားသည်။

စစ်ဆင်ရေးတွင် ၎င်းဌာနဦးဆောင်မှု အောက်တွင် လူ ၁၃၅၀၀၀ပါဝင် မည်ဖြစ်ကြောင်း ၎င်းပြောကြားသည်ဟု စတား သတင်းစာတွင် ပါရှိသည်။

မလေးရှားနိုင်ငံတွင် သေနတ်ပစ်ခြင်း၊ သေမှုသေခင်းများစွာ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တို့က လူမိုက်ဂိုဏ်းနယ် တိုက်ပွဲကို အများအားဖြင့် အပြစ်တင်ကြသည်။

နိုင်ငံခြားသားများကို ရာဇဝတ်မှု၏ အဓိက ရင်းမြစ်အဖြစ် မမြင်ကြသော်လည်း တရားမဝင် လာရောက် လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် လုံခြုံရေး စိုးရိမ်ပူပန်ရမှုကို မြင့်တက်လာစေသည်။
အစိုးရ၏ မှတ်တမ်းများက ရာဇဝတ်မှုလုံးဝကျသွားကြောင်း ပြသသော်လည်း အကြမ်းဖက်မှုတွင် ခိုးမှုများ၊ ဖောက်ထွင်းမှုများနှင့် လုယက်မှုများကဲ့သို့ အမှုများ ထပ်တိုးလာခဲ့သည်။

လွန်ခဲ့သည့်လအတွင်းဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုတွင် အသင့်မဖြစ် ခဲ့ခြင်းကြောင့် အမျိုးသားရဲတပ်ဖွဲ့သည် ဝေဖန်မှုများခံခဲ့ရသောကြောင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဂိုဏ်းများကို ဦးတည်ဆောင်ရွက်သည့် သီးခြားဖြိုခွင်းမှု တစ်ခုကို ဆောင်ရွက်ခဲ့သည်။

၎င်းစစ်ဆင်ရေးတွင် ဒုစရိုက်မှု လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူ ၁၄၀၀ကို ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အာလီယာက ခန့်မှန်းခြေ သန်းဝက်ခန့်ရှိ တရားမဝင် လာရောက်သူများသည် လွန်ခဲ့သည့်နှစ်နှစ်က တရားမဝင် လုပ်သားများအတွက် လွတ်ငြိမ်းခွင့် အစီအစဉ်အောက်၌ အစောပိုင်းတွင် စာရင်းပေးထားကြသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် တရားဝင် ပြုလုပ်ရန် သို့မဟုတ် ပြန်ရန် ရှေ့ဆက် လုပ်ဆောင်ရမည်ကို လာရောက် လုပ်ဆောင်ခြင်း မရှိကြတော့ကြောင်း ပြောကြားသည်။

“ခုချိန်ဟာ အမိန့်အာဏာ အပြည့်အဝ တည်အောင်လုပ်ရမယ့် အချိန်ပါ။ သူတို့တွေပုန်းလို့ရပါတယ်။ ဒါပေမယ့် သူတို့ဘယ်လောက် ကြာကြာ ပုန်းနိုင်မလဲ” ဟု ၎င်းက စတားသတင်းစာသို့ ပြောကြားသည်။

မလေးရှား နိုင်ငံသည် အရှေ့တောင်အာရှ၏ တတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သောကြောင့် လုပ်ခနိမ့်နိမ့် ရရှိသည့် ဆောက်လုပ်ရေး၊ စက်ရုံနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ပိုမိုဆင်းရဲသော အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါနှင့် အခြားနေရာမှ ရွှေ့ပြောင်း လုပ်သားများအတွက် သံလိုက်တစ်ခု ဖြစ်နေသည်။

လွတ်ငြိမ်းခွင့် အစီအမံသည် တရားမဝင် လာရောက်သူများအား မှတ်တမ်း တင်ထားရန် ရည်ရွယ် လုပ်ဆောင်ထားပြီး လုပ်သား ၁.၃ သန်း လာရောက် စာရင်းပေးကြသည်။

၎င်းတို့အထဲတွင် ငါးသိန်းသာ အလုပ်လုပ်ခွင့် ရကြပြီး သုံးသိန်းသုံးသောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

မြန်မာ့ခေတ်
မလေးရှားနိုင်ငံသည် ရာဇဝတ်မှုတို့က နိုင်ငံ၏ လုံခြုံရေးကို အာရုံစိုက်လာ စေသောကြောင့် ၎င်းနိုင်ငံတွင်း မီဒီယာက အကြီးဆုံး အစီအစဉ်ဖြစ်မည်ဟု ဆိုထားသော တရားမဝင် ရောက်ရှိလာသည့်
နိုင်ငံခြား အလုပ်သမား ခန့်မှန်းခြေ သန်းဝက်ခန့်ကို ဖြိုခွင်းသည့် အစီအစဉ်ကို စတင်တော့မည်ဖြစ်သည်။

တနင်္ဂနွေနေ့တွင် စတင်မည့် သုံးလတာ စစ်ဆင်ရေးအောက်တွင် အာဏာပိုင်များသည် အဓိက အားဖြင့် နိုင်ငံကျယ်ဝန်ပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် အိမ်နီးချင်း အင်ဒိုနီးရှားမှ နိုင်ငံသားများ အပါအဝင်
နိုင်ငံခြားသား ငါးသိန်းခန့်ကို အိမ်ပြန်ပို့ရန် ရှာဖွေသွားမည်ဖြစ်ကြောင်း လူဝင်မှုဌာန ဥက္ကဌအာလီယာ အာမက်က ပြောကြားသည်။

စစ်ဆင်ရေးတွင် ၎င်းဌာနဦးဆောင်မှု အောက်တွင် လူ ၁၃၅၀၀၀ပါဝင် မည်ဖြစ်ကြောင်း ၎င်းပြောကြား သည်ဟု စတား သတင်းစာတွင် ပါရှိသည်။

မလေးရှားနိုင်ငံတွင် သေနတ်ပစ်ခြင်း၊ သေမှုသေခင်းများစွာ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တို့က လူမိုက် ဂိုဏ်းနယ် တိုက်ပွဲကို အများအားဖြင့် အပြစ်တင်ကြသည်။

နိုင်ငံခြားသားများကို ရာဇဝတ်မှု၏ အဓိက ရင်းမြစ်အဖြစ် မမြင်ကြသော်လည်း တရားမဝင် လာရောက် လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် လုံခြုံရေး စိုးရိမ်ပူပန်ရမှုကို မြင့်တက်လာစေသည်။
အစိုးရ၏ မှတ်တမ်းများက ရာဇဝတ်မှုလုံးဝကျသွားကြောင်း ပြသသော်လည်း အကြမ်းဖက်မှုတွင် ခိုးမှုများ၊ ဖောက်ထွင်းမှုများနှင့် လုယက်မှုများကဲ့သို့ အမှုများ ထပ်တိုးလာခဲ့သည်။

လွန်ခဲ့သည့်လအတွင်းဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုတွင် အသင့်မဖြစ် ခဲ့ခြင်းကြောင့် အမျိုးသား ရဲတပ်ဖွဲ့သည် ဝေဖန်မှုများခံခဲ့ရသောကြောင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဂိုဏ်းများကို ဦးတည်ဆောင်ရွက် သည့် သီးခြားဖြိုခွင်းမှု တစ်ခုကို ဆောင်ရွက်ခဲ့သည်။

၎င်းစစ်ဆင်ရေးတွင် ဒုစရိုက်မှု လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူ ၁၄၀၀ကို ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အာလီယာက ခန့်မှန်းခြေ သန်းဝက်ခန့်ရှိ တရားမဝင် လာရောက်သူများသည် လွန်ခဲ့သည့်နှစ်နှစ်က တရားမဝင် လုပ်သားများအတွက် လွတ်ငြိမ်းခွင့် အစီအစဉ်အောက်၌ အစောပိုင်းတွင် စာရင်းပေး ထားကြသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် တရားဝင် ပြုလုပ်ရန် သို့မဟုတ် ပြန် ရန် ရှေ့ဆက် လုပ်ဆောင်ရမည်ကို လာရောက် လုပ်ဆောင်ခြင်း မရှိကြတော့ကြောင်း ပြောကြားသည်။

“ခုချိန်ဟာ အမိန့်အာဏာ အပြည့်အဝ တည်အောင်လုပ်ရမယ့် အချိန်ပါ။ သူတို့တွေပုန်းလို့ရပါတယ်။ ဒါပေမယ့် သူတို့ဘယ်လောက် ကြာကြာ ပုန်းနိုင်မလဲ” ဟု ၎င်းက စတားသတင်းစာသို့ ပြောကြားသည်။

မလေးရှား နိုင်ငံသည် အရှေ့တောင်အာရှ၏ တတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သောကြောင့် လုပ်ခနိမ့်နိမ့် ရရှိသည့် ဆောက်လုပ်ရေး၊ စက်ရုံနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ပိုမိုဆင်းရဲသော အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါနှင့် အခြားနေရာမှ ရွှေ့ပြောင်း လုပ်သားများအတွက် သံလိုက်တစ်ခု ဖြစ်နေသည်။

လွတ်ငြိမ်းခွင့် အစီအမံသည် တရားမဝင် လာရောက်သူများအား မှတ်တမ်း တင်ထားရန် ရည်ရွယ် လုပ်ဆောင်ထားပြီး လုပ်သား ၁.၃ သန်း လာရောက် စာရင်းပေးကြသည်။

၎င်းတို့အထဲတွင် ငါးသိန်းသာ အလုပ်လုပ်ခွင့် ရကြပြီး သုံးသိန်းသုံးသောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

မြန်မာ့ခေတ်

0 comments:

Post a Comment