Friday, July 19, 2013

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်မြို့၊ ခြောက် ထပ်ကြီး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ  ဘဒ္ဒန္တခေမိန္ဒ သာမိ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပင့်ဖိတ်ထားသည့် ဆရာတော် ကြီးများ ပါဝင်သော သံဃာတော် ၆၃  ပါးကြွရောက် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်း မှူးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နှင့်ဇနီး၊ တပ်မတော်(ကြည်း၊ရေ၊လေ) ရုံး/ဌာနများမှ အရာရှိ/ စစ်သည်၊  မိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားမစတင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  အနော်ရထာခန်းမရှိ ဗုဒ္ဓရုပ် ပွားတော် မြတ်အား မြသပိတ်ဆွမ်းတော်နှင့် ရေချမ်းများကပ်လှူပြီး ဖူးမြော် ကြည်ညိုသည်။

ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်မြို့၊ ခြောက် ထပ်ကြီး ကျောင်းတိုက် ဆရာတော်ထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့် ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်မြို့၊ ခြောက်ထပ် ကြီး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေ မိန္ဒသာမိထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

ယင်းနောက် နိုင်ငံတော်သြဝါဒစရိယ ဆရာတော်၊ နေပြည်တော်၊ ပျဉ်းမနားမြို့  မဟာဝိသုတာရာမ ဈေး ကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာ ရဋ္ဌဂုရု  ဘဒ္ဒန္တက ဝိသာရထံသို့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ် သန်းသန်း နွယ် တို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
၎င်းနောက် ဆရာတော်ကြီးများထံ သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီး များနှင့် တိုင်းမှူးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော် သြဝါဒစရိယ ဆရာတော်၊ နေပြည်တော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေး ကုန်းကျောင်းတိုက် ဆရာတော်ထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး အမှူးပြုသော ပရိသတ် များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်မြို့၊ ခြောက်ထပ် ကြီး ကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်ကြီးများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ 
Myawady News 

0 comments:

Post a Comment