၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း ပြောပြချက်အရ ၎င်း၏
ယာဉ်မောင်းဖြစ်သူဦးလှဌေးနှင့် (၆)လမ်းဆုံရပ်ကင်းတာဝန်ကျ
ရဲတပ်ကြပ်ကြီး ဌေးဝင်းတို့အား အကြောင်းကြား ကာခေါ်ယူကာ
နေအိမ်သို့သွားရောက်ကြည့်ရှုရာ နေအိမ်တွင် ဇနီးဖြစ်သူ မဥမ္မာဝင်းမှာ
ဝဲ/ယာ လည်ပင်း၊ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့သောကြောင့်
သန်လျင်မြို့မရဲစခန်း (ပ) ၆၆၇/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့် အရေး ယူဆောင် ရွက်ခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ မဥမ္မာဝင်း၏ မထမအိမ်ထောင်ဖြစ်သူ အောင်ကျော်ဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၉)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူမှ မဥမ္မာဝင်းအား လာရောက်ခေါ်ဆောင်ရာ မရသဖြင့် ဓါးဦးချွန်၊ သံချွန်တို့ဖြင့် ထိုးခဲ့၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရား ခံအောင်ကျော်ဝင်း အား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းသတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment