Sunday, July 21, 2013

လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်၍ ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်၍ ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Sunday, July 21, 2013

နိုင်ငံတွင် ဖြစ်သမျှအားလုံးသည် ပြည်သူအားလုံးနှင့် သက်ဆိုင်နေ သည့်အတွက် နိုင်ငံသား အားလုံးက မှန်ကန်သည့် စိတ်ထားဖြင့် နိုင်ငံကောင်းအောင် လုပ်ဆောင်ရန်နှင့် လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်၍ ကြိုးစားကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည့် (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အပြီးတွင် အဖွဲ့ချုပ်ရုံး အပြင်တွင်ရှိသည့် ပြည်သူတစ်ထောင်ကျော် အား ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မော်တော်ယာဉ်ပေါ်မှ မိန့်ခွန်းပြောကြားစဉ် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။    

"ကျွန်မတို့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အဓိကအားက ဘာလဲဆိုတော့ အင်မတန်မှ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ယုံကြည်တဲ့ လမ်းကို လျှောက်ခဲ့တဲ့ အင်အားပဲ။ ကျွန်မတို့အားလုံး ဒီလိုပဲ လုပ်နိုင်ရမယ်။ အားလုံးဟာ ကိုယ့်အတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်သမျှဟာ တခြားလူတွေနဲ့ ဆိုင်တယ်ဆိုတယ်ဆိုတဲ့ စိတ်ထားလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ငံမှာ ဖြစ်သမျှဟာ ငါတို့နဲ့လည်း တစ်စိတ်တစ်ပိုင်း ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံသားအားလုံးသည် နိုင်ငံ၏ အစိတ်အပိုင်းများ ဖြစ်သည့်အတွက် နိုင်ငံ တွင်ဖြစ်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မိမိတို့နှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်ဟု လက်ခံထားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က "ဒီနိုင်ငံမှာ ဖြစ်သမျှဟာ ကျွန်မတို့နဲ့ တစ်စိတ်တစ်ပိုင်း ဆိုင်တာချည်းပဲ၊ အဲဒီလို လက်ခံရမယ်။ ကိုယ်နဲ့ ဆိုင်တာကြောင့်မို့လို့ ကိုယ်ကနေပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။ လုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ယုံကြည်ကြပါ" ဟု ပြောကြားသည်။

"ဒီလို နိုင်ငံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိဖို့ဆိုတာ အတန်းပညာ မလိုပါဘူး။ အတန်းပညာရှိရင်တော့ ကောင်းတာပေါ့။ ကျွန်မတို့ရဲ့ လူငယ်တွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အတန်းပညာကို လုံလုံလောက်လောက် မသင်ခဲ့ရတဲ့ မရခဲ့တဲ့ လူငယ်တွေလည်း စိတ်ဓာတ်မကျစေချင်ဘူး။ အတန်းပညာ ရှိတိုင်းလည်း အားလုံးပြည့်စုံတာ မဟုတ်ဘူး။ တချို့တွေက အတန်းပညာ မရှိပေမယ့် စိတ်ဓာတ်အင်မတန်မှ ပြည့်ဝတာကြောင့်မို့ အများကို အကျိုးပြုစေတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလိုစိတ်ဓာတ်တွေ မွေးကြပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သောကြောင့် မှန်ကန်သည့် စိတ်ဓာတ်ထားရှိရန်နှင့် နိုင်ငံကောင်းမွန်အောင် ကြိုးစားကြရန်၊ လူငယ်များအနေဖြင့် ကြိုးစားနိုင်သည့် အခွင့်အရေးများရှိနေပြီး နိုင်ငံကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်သည့် အရည်အချင်း ရှိသည်ဟု ယုံကြည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လူထုသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
Eleven Media Group

လူထုသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
 နိုင်ငံတွင် ဖြစ်သမျှအားလုံးသည် ပြည်သူအားလုံးနှင့် သက်ဆိုင်နေသည့်အတွက် နိုင်ငံသားအားလုံးက မှန်ကန်သည့် စိတ်ထားဖြင့် နိုင်ငံကောင်းအောင်လုပ်ဆောင်ရန်နှင့် လူငယ်များသည် နိုင်ငံ၏ အနာ ဂတ်ဖြစ်၍ ကြိုးစားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းပြောကြားသည်။


ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည့် (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အပြီးတွင် အဖွဲ့ချုပ်ရုံး အပြင်တွင်ရှိသည့် ပြည်သူတစ်ထောင်ကျော် အား ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မော်တော်ယာဉ်ပေါ်မှ မိန့်ခွန်းပြောကြားစဉ် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။    

"ကျွန်မတို့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အဓိကအားက ဘာလဲဆိုတော့ အင်မတန်မှ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်တဲ့ လမ်းကို လျှောက်ခဲ့တဲ့ အင်အားပဲ။ ကျွန်မတို့အားလုံး ဒီလိုပဲ လုပ်နိုင်ရမယ်။ အားလုံးဟာ ကိုယ့်အတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်သမျှဟာ တခြားလူတွေနဲ့ ဆိုင်တယ် ဆိုတယ်ဆိုတဲ့ စိတ်ထားလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ငံမှာ ဖြစ်သမျှဟာ ငါတို့နဲ့လည်း တစ်စိတ်တစ်ပိုင်း ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံသားအားလုံးသည် နိုင်ငံ၏ အစိတ်အပိုင်းများ ဖြစ်သည့်အတွက် နိုင်ငံ တွင်ဖြစ်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မိမိတို့နှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်ဟု လက်ခံထားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က "ဒီနိုင်ငံမှာ ဖြစ်သမျှဟာ ကျွန်မတို့နဲ့ တစ်စိတ်တစ်ပိုင်း ဆိုင်တာချည်းပဲ၊ အဲဒီလို လက်ခံရမယ်။ ကိုယ်နဲ့ ဆိုင်တာကြောင့်မို့လို့ ကိုယ်ကနေပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။ လုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ယုံကြည်ကြပါ" ဟု ပြောကြားသည်။

"ဒီလို နိုင်ငံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိဖို့ဆိုတာ အတန်းပညာ မလိုပါဘူး။ အတန်း ပညာရှိရင်တော့ ကောင်းတာပေါ့။ ကျွန်မတို့ရဲ့ လူငယ်တွေကို ပညာတတ်တွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အတန်းပညာကို လုံလုံလောက်လောက် မသင်ခဲ့ရတဲ့ မရခဲ့တဲ့ လူငယ်တွေလည်း စိတ်ဓာတ်မကျစေချင်ဘူး။ အတန်းပညာ ရှိတိုင်းလည်း အားလုံးပြည့်စုံတာ မဟုတ်ဘူး။ တချို့တွေက အတန်းပညာ မရှိပေမယ့် စိတ်ဓာတ်အင်မတန်မှ ပြည့်ဝတာကြောင့်မို့ အများကို အကျိုးပြုစေတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလိုစိတ်ဓာတ်တွေ မွေးကြပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သောကြောင့် မှန်ကန်သည့် စိတ်ဓာတ်ထားရှိရန်နှင့် နိုင်ငံကောင်းမွန်အောင် ကြိုးစားကြရန်၊ လူငယ်များအနေဖြင့် ကြိုးစားနိုင်သည့် အခွင့်အရေးများရှိနေပြီး နိုင်ငံကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်သည့် အရည်အချင်း ရှိသည်ဟု ယုံကြည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment