ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာရောက်ဖွင့်လှစ်မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရသိရသည်။
ထိုလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး
သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်းမြန်မာ နိုင်ငံနှင့်
စင်ကာပူတို့၌ လုပ်ငန်းများကို လာမည့်နှစ်တွင် တိုးချဲ့မည်ဟု
ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းက ထိုင်း လူမျိုးများကဲ့သို့ပင်
အာဆီယံနိုင်ငံသားများသည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြော သည်။
''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီ
တယ်။ ရွှေကိုရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ဝယ်ကြတယ်။ အဲဒါကြောင့် သူ
တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီ မယ့်နည်းပညာတွေကို ကျွန်တော်တို့
ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။
''ရွှေဈေးနှုန်းဟာ အမေရိကန်ရဲ့
ဖက်ဒရယ်အရန် ဘယ်လိုထားသလဲ ဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို
ဒေါ်လာ၁၂၅ဝ ကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝ အထိ တက်လာ လိမ့်မယ်''ဟု
သူကခန့်မှန်းသည်။ ''သူတို့လာဖွင့်တာ ကောင်းပါတယ်။ ပြည်တွင်းက ရွှေတွေကို
ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ်
ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ်
လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင်လုပ်ငန်းရှင် သုံးလေးဦး လောက်
ကျွန်တော်တို့ အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိကကတော့ သူတို့ဆီမှာ
ရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာကများတယ်။ လက်ရှိ
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ်
ဒီကလူတစ်ဦးရဲ့နာမည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။
တိုက်ရိုက်ကြီးတော့ အဆင် မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း
(ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။
Yangon Media Group
ညီလတ်
0 comments:
Post a Comment