Tuesday, June 18, 2013

ပြည်တွင်းမှ မလေးရှားရောက်မြန်မာလုပ်သားများကို ဆက်သွယ်ရန် ယခုလကုန်အထိ Y-talk မှတစ်ဆင့် အခမဲ့ခေါ်ဆိုခွင့်ပြုထား..

Tuesday, June 18, 2013


ပြည်တွင်းမှ မလေးရှားရောက်မြန်မာလုပ်သားများကို ဆက်သွယ်နိုင်ရန် ယခုလကုန်အထိ Y-talk ကတစ်ဆင့်အခမဲ့ခေါ်ဆိုခွင့် ပြုထားကြောင်း သိရသည်။အခမဲ့ခေါ်ဆိုခွင့်ကို ရန်ကုန်မြို့၊ကျောက်မြောင်းရပ် ကွက် သတိပဋ္ဌာန်လမ်းရှိ ဆိုင်နှင့်ဗဟန်းမြို့နယ် ရေတာရှည်လမ်းရှိ Y-talk ရုံးချုပ် ကဖွင့်လှစ်ထားသော ဆိုင်(၂)ဆိုင်တွင်ခေါ်ဆိုနိုင်မည်ဖြစ်သည်။

ယခုလို အခမဲ့ခေါ်ဆိုခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက “အဓိကကမလေးရှား မှာဒုက္ခရောက်နေတဲ့ကိုယ့်မြန်မာလူမျိုးတွေအိမ်နဲ့ အဆက်အသွယ်မပြတ် ဘဲစိတ်ပူနေရတာတွေလျော့စေ ချင်လို့ပါ။ဒီလ(၁၃) ရက်နေ့ကနေစခွင့်ပြုပေးခဲ့တာ။ဇွန်လအကုန်အထိခေါ်လို့ရမယ်။မိနစ်အကန့် အသတ်မရှိ ပါဘူး။

Y-talk account လည်းရှိစရာလည်းမလိုဘူး။ဘာမှမလိုဘူး။ ဖုန်းခေါ်နိုင်ပါတယ်”ဟုပြောကြားခဲ့သည်။Y-talk ကတစ်ဆင့်မလေးရှားကို အွန်လိုင်းကမဟုတ်ဘဲ Call Shot ကတစ်ဆင့်ခေါ်လျှင် တစ်မိနစ်(၅၁)ကျပ် ကျသင့်ပြီး Y-talk account ကတ်ရှိ၍အွန်လိုင်းကတစ်ဆင့် ခေါ်ဆိုပါက တစ်မိနစ်ကို(၂၅)ကျပ် ကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပကိုခေါ်ဆိုမှုများသော အွန်လိုင်းဖုန်းခေါ်ဆိုမှုစနစ်များဖြစ်သည့် Skype ၊ Pfingoအစရှိတာများကို ပပျောက်စေရန်အတွက် Y-talk ဖုန်းခေါ်ဆိုမှုကို (၂၀၁၂)ခုနှစ်၊ဖေဖော်ဝါရီလမှ စကာမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင်ခွင့်ပြုချက်ဖြင့် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

SkyNet TV

0 comments:

Post a Comment