Monday, June 24, 2013

မြန်မာပြည်သူ ၉၅ ရာခိုင်နှုန်းအတွက် ၃ နှစ်အတွင်း ဈေးသက်သာသည့် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို ဝန်ဆောင်မှုပေးမည့် SingTel

Monday, June 24, 2013

စင်ကာပူနိုင်ငံ အခြေစိုက် Singapore Telecommunications Limited (SingTel) သည် ၎င်းနှင့်အကျိုးတူ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သော KBZ လုပ်ငန်းစုနှင့် Myanmar Telepone Company (M-Tel) တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး စက်မှု လုပ်ငန်း တည်ထောင်ရန် အစပျိုး စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အကျိုးတူ စီးပွားရေး လုပ်ငန်းစုကြီး အနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆက် သွယ်ရေး ကွန်ရက်ကို မြန်မာနိုင်ငံအတွက် အကောင်အထည် ဖော်ပေးသွား မည် ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ ဆက်သွယ်ရေးကွန်ရက်သည် မြန်မာပြည် သူ ၉၅ ရာခိုင်နှုန်း အတွက် ၃၆ လအတွင်း ဈေးသက်သာသည့် မိုဘိုင်း တယ် လီဖုန်း ဆက်သွယ်ရေး စနစ်များကို ဆောင်ကြဉ်းကာ မြို့ပြနှင့် ကျေးလက်နေ မိုဘိုင်းသုံးစွဲသူများ အနေဖြင့် ပိုမို ကောင်းမွန် ဆန်းသစ်သော ဆက်သွယ်ရေး ပစ္စည်း ကိရိယာများ၊ ဝန်ဆောင်မှုများ စသည်တို့ကို ရရှိအောင် ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။ SingTel သည် ဖွံ့ဖြိုးပြီး နိုင်ငံများရှိ ဈေးကွက် များနှင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်းနှင့် ဖိလစ်ပိုင် စသည့် ဖွံ့ဖြိုးဆဲ ဈေးကွက် များတွင် လုပ်ငန်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများစွာ ရှိထားသည့် အပြင် လိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်နှင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်များကို တည်ဆောက်စီမံ ခန့်ခွဲခဲ့သည့် အတွေ့အကြုံများကိုလည်း ရရှိထားပြီး နိုင်ငံတကာတွင် ပြည်သူ ၄၆၈ သန်းကျော်အား တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးလျက်ရှိ ကြောင်း သိရသည်။

SingTel ၏ International, Group Consumer CEO ဖြစ်သူ Mr Mark Chong က "SingTel ရဲ့ ကမ္ဘာတစ်လွှားက ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီး တွေကြောင့် ကျွန်တော်တို့ဟာ အခြေခံ အဆောက်အအုံကစပြီးတည်ဆောက် တဲ့ နေရာမှာ သူများတွေနဲ့ မယှဉ်သာအောင် ထူးခြား ကောင်းမွန်ပါတယ်။ မြန်မာနဲ့ စင်ကာပူဟာ အာဆီယံဒေသမှာ မိတ်ဆွေတွေပါ။ ကျွန်တော် တို့က ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်ရေး စနစ်အတွက် အခြေခံ အဆောက်အဦ တစ်ခု တည်းကိုသာ တည်ထောင် ပေးချင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ရေး စနစ်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေက ပြည်သူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းကို တိုးတက်လာစေမှာ ဖြစ်ပါ တယ်။ ၎င်းကပင် မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ အခွင့်အလမ်းေ ကာင်းတွေ ပေါ် ထွန်းနေပါတယ်။ ပြည်တွင်းက မိတ်ဖက်ကုမ္ပဏီတွေရဲ့ အင်အားတွေနဲ့ အတူ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ တီထွင်ဆန်း သစ်မှု တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဖန်တီးပေးပြီး မြန်မာရဲ့ ဖွံ့ဖြိုး တိုး တက်မှုမှာ တစ်တပ်တစ်အား အဖြစ် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင်မှာ အသေ အချာပဲလို့ နှစ်နှစ် ကာကာ ယုံကြည်နေပါတယ်။ ဒါ့အပြင် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်ကို တည်မှီပြီး လုပ်ကိုင်နေကြရတဲ့ အခြားစီးပွားရေး လုပ်ငန်းတွေ ဆီကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

KBZ လုပ်ငန်းစု၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးညွန့်ကလည်း "KBZ လုပ်ငန်းစုဟာဆိုရင် မြန်မာမှာ အကြီးဆုံး လုပ်ငန်းစုတွေထဲမှာ တစ်ခုပါဝင်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ အတွေ့ အကြုံ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ပြည်တွင်းမှာ ကျွန်တော်တို့ဟာ ကုမ္ပဏီကြီးတွေကို အခြေခံ ကနေ စတင်ထူးထောင်ပြီး အောင်မြင်စွာ လည်ပတ်နိုင်အောင် စီမံခန့်ခွဲရတဲ့ အတွေ့ အကြုံတွေ အများကြီး ရှိထားတော့ ပြည်တွင်းမှာ ဘယ်လိုလုပ်ငန်း လည်ပတ်ရသလဲ ဆိုတာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ရဲ့ စီမံကိန်းအကြမ်းဖျဉ်း တင်ပြချက် ဟာ မြန်မာနိုင်ငံကို လာမည့် ဆယ်စုနှစ်တွေ မှာ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး စီးပွားရေး ဆောင်ရွက်နိုင်တယ်" ဟု ပြောသည်။ M-TEL လုပ်ငန်းစု၏ CEO Mr. Jonathan Myo Kyaw Thaung ကလည်း "ကျွန်တော်တို့ဟာ နှစ်ပေါင်း ၆၀ ကျော် ဒီဒေသမှာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်လာခဲ့တဲ့ အတွေ့အကြုံတွေ ရှိထားသလို နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကိုလည်း ဝိုင်းဝန်းကူညီ အားဖြည့်ပေး ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ KBZ လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ရ သလို အတွေ့အကြုံ များတဲ့ SingTel နဲ့ လက်တွဲဆောင်ရွက်ခွင့် ရတဲ့ အတွက် လည်း ဝမ်းသာပါတယ်။ ကျွန်တော်တို့ မိတ်ဖက် ကုမ္ပဏီ သုံးခု အနေနဲ့ မြန်မာရဲ့ အလျင်အမြန် တိုးတက်လာနေတဲ့ စီးပွားရေးမှာ အဓိပ္ပာယ် ရှိတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်" ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန် အတွက် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေးကို အရှိန်အဟုန် မြှင့်တင်ရာတွင် SingTel သည် မြန်မာအစိုးရအား ဂြိုဟ်တု ဆက်သွယ်ရေး စနစ်တစ်ခု တည်ထောင်ရန် ဖြစ်နိုင်ခြေ ရှိမရှိ လေ့လာရေးများတွင် ထည့်သွင်း ပါဝင်စေမည်ဖြစ်ပြီး၊ မြန်မာကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင်ရေးတွင်လည်း အထောက် အကူ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် SingTel သည် Southeast Asia-Middle East-West Europe (SEA-ME-WE) 5 ရေအောက် ဆက်သွယ်ရေး ကေဘယ် ကွန်ရက် စီမံကိန်း ရေးဆွဲရာ တွင်လည်း မြန်မာနိုင်ငံကို ထည့်သွင်း ပါဝင်စေမည် ဖြစ်ကြောင်း သိရသည်။ အလားတူ (SEA-ME-WE) 3 စီမံကိန်း ဆောင်ရွက်ခဲ့စဉ် ကလည်း SingTel သည် မြန်မာနိုင်ငံအတွက် အထောက် အကူ ပေးခဲ့သည်။

ကျော်ညိုသွေး

0 comments:

Post a Comment