Tuesday, June 11, 2013

Dirty Politics ရုပ်ရှင်ဇာတ်ကားဖြင့် နာမည်ကြီးအောင် ရိုက်ကူးနိုင်ခဲ့သည့် ဘောလီးဝုဒ် မင်းသမီး

သရဖူ မဆောင်းရသော်လည်း နာမည်ကျော်ခဲ့သည့် ဘောလီးဝုဒ် မင်းသမီး Mallika Sherawat သည် အိန္ဒိယ ရုပ်ရှင်လောက၌ မပေါ့်တပေါ် ဝတ်၍ သရုပ်ဆောင်သူနှင့် အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများကို ပထမဆုံး ရိုက်ကူးခဲ့သည့် မင်းသမီးဖြစ်ကြောင်း Variety မဂ္ဂဇင်းနှင့် တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။


မင်းသမီး Mallika Sherawat သည် မကြာခင် ဖြန့်ချိမည့် သူမ ပါဝင် သရုပ်ဆောင်ထားသော ”Dirty Politics” ရုပ်ရှင်ဇာတ်ကား အရောင်းမြှင့်တင်ရန် အတွက် ကိန်းရုပ်ရှင် ပွဲတော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် အမျိုးသမီးများအား နှိမ့်ချသည့် အိန္ဒိယ နိုင်ငံ၏ လူ့အဖွဲ့အစည်း အကြောင်းနှင့် နောက်ကွယ်တွင် အမျိုးသမီးအား စော်ကားထားပြီး အများရှေ့တွင် သူတော်ကောင်းယောင် ဆောင်ထားသူ တစ်ဦးအား မိမိကိုယ်ကို နာမည်ပျက်ခံကာ ထုတ်ဖော်သည့် အမျိုးသမီးတစ်ဦး အဖြစ် သရုပ်ဆောင်ထားသည်။

0 comments:

Post a Comment