Monday, June 17, 2013

အမြောက်တပ်သားရဲ့ဘုရားကျောင်းလက်ထပ်ပွဲ


 
နောက်ခံပုံဟာ အီတလီနိုင်ငံ တက်စ်ကန်ဒေသမှာရှိတဲ့ ဒီဗင်ဆီဂလီယာတာ ဘုရားကျောင်းဖြစ်ပြီး အဲဒီမှာ

လက်ထပ်ပွဲကျင်းပခဲ့သူကတော့ အာဆင်နယ်တောင်ပံကစားသမား ၀ဲလ်ကော့နဲ့ သူ့ချစ်သူ ဖယ်လာနီ ဆလိတ်တို့ ဖြစ်ပါတယ်။ ၀ဲလ်ကော့နဲ့ ဖယ်လာနီဆလိတ်ဟာ ၁၀နှစ်ကျော် ချစ်ခဲ့တဲ့ချစ်သူတွေဖြစ်ပြီး ဒီ လက်ထပ်ပွဲကို အာဆင်နယ် အသင်းဖော်တွေဖြစ်တဲ့ ဗာမီလန်၊ ကိုစီယယ်နီ၊ ကီရင်ဂစ်ဘ်၊ ရမ်ဆေးတို့ တက်ရောက်ခဲ့ကြပါတယ်။

ဝဲလ်ကော့ဟာ သူ့မင်္ဂလာဆောင်မှာ လက်ဖွဲ့ပစ္စည်းလက်ခံခြင်းမရှိဘဲ ၀ီလိုဖောင်ဒေးရှင်းကိုပဲ အလှူငွေ ထည့်စေခဲ့ပါတယ်။ ၀ီလိုဖောင်ဒေးရှင်းဟာ အာဆင်နယ်ဂန္ထ၀င် ဘော့ဝီလ်ဆန်၊ မက်မီလန်တို့ တည်ထောင် ခဲ့တာဖြစ်ပြီး ၀ဲလ်ကော့ရဲ့ခယ်မဆာရာဟာလည်း ကျောက်ကပ်ကင်ဆာရောဂါ ဝေဒနာခံစားနေရတာဖြစ်လို့ အခုလိုလှူဒါန်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို ချိန်ဘာလိန်က ဂျက်လေယာဉ်နဲ့ လာခဲ့တယ်လို့လည်း သိရပါတယ်။
 
zaw zaw tun




0 comments:

Post a Comment