Monday, June 17, 2013

ကျန်းမာရေးနှင့် ပတ်သက်ပြီး အသက်ရှူခြင်း၏ အံ့ဩဖွယ်ရာ အချက်များ


 
စကားပြောပါ

ပုံမှန် အသက်ရှူ နိုင်ဖို့ တခြား တစ်ယောက်နဲ့ စကားပြောတာ ဒါမှမဟုတ် စာအကျယ် ကြီး အော်ဖတ် တာကို ပြုလုပ်ရပါမယ်။ စကားပြောတာရဲ့ သဘာဝဟာ အသက်ရှူတာ ကို ထိန်းချုပ် ထားတာဖြစ်ပြီး အသက်ရှူ ပြဿနာ ဖြစ်စေတဲ့ အပေါ်ယံသာ နှေးနှေးနဲ့ မျှဉ်းမျှဉ်း အသက်ရှူတာ မဖြစ်အောင် တားဆီးနိုင် ပါတယ်။

သဘာဝအတိုင်း အသက်ရူပါ

အကိုက်အခဲ ပျောက်ဆေးဝါးကို တုံ့ပြန်ဓာတ်ပြုလွယ် တတ်ပါတယ်။ အများစု ဟာလည်း အိုင်ဘူပရိုဖင်လိုမျိုး အကိုက်အခဲ ပျောက်ဆေး တွေနဲ့ ပြဿနာ ဖြစ်တတ် ပါတယ်။ သင့်မှာ အသက်ရှူခြင်း ဆိုင်ရာ ပြဿနာရှိခဲ့ရင် အကိုက်အခဲ ပျောက်ဆေးတွေ သောက်တဲ့ အခါ သတိ ထားပါ။

အသက်ပြင်းပြင်းရူပါ

အသက်ပြင်းပြင်း ရှူတာကြောင့် သင့်ကို စိတ်အေးချမ်းမှု ရရှိစေပြီး ဖိစီးမှုတွေ ပြေ ပျောက်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်း အက်ဒရီနယ်လင်နဲ့ ကော်တီစော ထုတ်လုပ်မှု ကို ရပ်တန့်နိုင်တာ ကြောင့်ပါ။

ဆေးလိပ်လုံးဝ မသောက်ပါနှင့်

လေ့လာမူ တွေအရ ဆေးလိပ် အသင့်အတင့် သောက်သူတွေ ဒါမှမဟုတ် ဆေးလိပ် တစ်ခါတစ်ရံမှ သောက်သူ တွေကြားမှာ အဆုတ် ကင်ဆာဖြစ်နှုန်းဟာ ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် သင့်အဆုတ်ကို ကာကွယ်နိုင်အောင် ဆေးလိပ်လုံးဝ မသောက်တာ အကောင်းဆုံးလို့ ကျွမ်းကျင် သူတွေ က အကြံပြု ထားပါတယ်။

ယောဂကျင့်စဉ် ပြုလုပ်ပါ

ယောဂကျင့်စဉ် ပြုလုပ်တာကြောင့် အသက်ရှူ ကြွက်သားတွေမှာ တင်းမာမှုတွေ လျော့ကျပြီး နံရိုးတွေ ပြန့်ကား နိုင်တာကြောင့် အဆုတ်အတွင်း လေတွေ ပိုမိုဝင်ရောက် လာတဲ့အတွက် အသက်ရှူ ပိုင်းမှု ဆိုင်ရာ ပြဿနာနဲ့ ပန်းနာရင်ကျပ် ရောဂါ အတွက် အ ထူးကောင်းမွန် တယ်လို့ ဆိုပါတယ်။ အနည်းဆုံး တစ်ပတ်ကို သုံးကြိမ် ယောဂကျင့်စဉ် ပြုလုပ်ပေးပါ။

ဗီတာမင် အားဖြည့်ဆေး မှီဝဲပါ

သင်စားတဲ့ အစားအစာမှာ ဗီတာမင် C ၊ ဗီတာမင် E ၊ ဘီတာကယ်ရိုတင်းနဲ့ ဆီလီနီယမ် (ပဲနီလေး၊ ထောပတ်သီးမှာ ပါဝင်ပါတယ်)ဓာတ်တွေ ချို့တဲ့နေရင် အဆုတ် အတွက် ဒုက္ခပေးနိုင်ပါတယ်။ ဒုက္ခပေးနိုင်တာဟာ တစ်နေ့ကို ဆေးလိပ်အလိပ် ၂၀ နှုန်းနဲ့ ၁၀ နှစ်သောက် သလိုမျိုး အန္တရာယ်ရှိတာနဲ့ တူညီပါတယ်။

အဆုတ်ကင်ဆာကို ကာကွယ်ရန် ကြက်သွန်နီစားပါ

ကြက်သွန်နီ၊ ပန်းသီးနဲ့ အဝါရောင် ဂရိတ်ဖရုသီးတွေကို ပုံမှန်များစွာစားတာ ကြောင့် အဆုတ်ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အဆုတ် ကင်ဆာရဲ့ အဓိက အမျိုးအစားကို ဖျက်ဆီး နိုင်တာကြောင့်ပါ။ ကြက်သွန်နီကို ချက်ပြုတ်ပြီး ပန်းသီး ဒါမှ မဟုတ် ဂရိတ်ဖရုသီးနဲ့ တွဲစားမယ်ဆိုရင် ကင်ဆာကို အထိရောက်ဆုံး ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

ရေးကူးပါ

ရေကူးတာဟာ အဆုတ် ကျန်းမာရေး အတွက် အကောင်းဆုံး လုပ်ဆောင်မှုလို့ ဆိုပါတယ်။ သင် ရေကူးနေစဉ်မှာ ခေတ္တ အသက်ရှူအောင့်ထား ရတာကြောင့် အဆုတ် ရဲ့ လုပ်နိုင်စွမ်းဟာ အကောင်းဆုံးဖြစ်အောင် တွန်းအား ပေးနိုင်တာ ကြောင့်ပါ။ ရေငုပ် နိုင်ရင် ပိုမိုအကျိုး ရှိပါတယ်။ 



ဒေါက်တာခင်မိုးမိုး




0 comments:

Post a Comment