၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်လအတွင်း နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါက်တာစိုင်းကျော်က ပြောကြားသည်။
"ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ ညီနောင် ၁၅ ပါတီက ကိုယ်စားလှယ်တွေ ပါမယ်။ ဥပဒေ ပညာရှင်တွေ၊ ပညာရှင်တွေဖိတ်ပြီး ကျင်းပမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ ပြင်ဆင်ဖြည့်စွက်မှ ရမယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက အရမ်းနည်းနေတယ်။ ဗဟိုချုပ်ကိုင်မှု များနေလို့ မဖြစ်ဘူး။ ဗဟိုက လျှော့ချပေးမှ ရမယ်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှသိပ်မရှိဘူး။ ဖက်ဒရယ် တောင်းဆိုတယ် ဆိုတာက ဗဟိုအစိုးရနဲ့ ပြည်နယ်တွေ အာဏာအချိုးကျ ခွဲဝေသုံးစွဲဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
နိုင်ငံသား မဟုတ်သူတွေ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့် ပြုခြင်းတို့သည် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့အတွက် အဲဒီ ဥပဒေပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ နိုင်ငံသား စစ်စစ်တွေပဲ မဲပေးခွင့် ရှိသင့်တယ်။ ဧည့်နိုင်ငံသားတွေ မဲပေးခွင့် ပြုမယ်ဆိုရင် . . . . .
ဖက်ဒရယ်ပြည်ထောင်စု တောင်းဆိုခြင်းသည် ခွဲထွက်ရန် မဟုတ်ကြောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ ကြားတွင် အာဏာခွဲဝေ သုံးစွဲပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရန်အတွက် တောင်းဆိုနေခြင်းဖြစ်ကြောင်း ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။
"နိုင်ငံသား မဟုတ်သူတွေ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့် ပြုခြင်းတို့သည် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့အတွက် အဲဒီ ဥပဒေပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ နိုင်ငံသား စစ်စစ်တွေပဲ မဲပေးခွင့် ရှိသင့်တယ်။ ဧည့်နိုင်ငံသားတွေ မဲပေးခွင့် ပြုမယ်ဆိုရင် နယ်စပ်ဒေသတွေအတွက် စိုးရိမ်စရာပေါ့။ နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်" ဟု ဒေါက်တာစိုင်းကျော်က ပြောကြားသည်။
ပီအာစနစ်ကို လက်မခံခြင်းနှင့် ပတ်သက်၍ ပီအာစနစ် ကျင့်သုံးပါက ပါတီကြီးများသာ တစ်နိုင်ငံလုံး ယှဉ်ပြိုင်နိုင်သည့်အတွက် ပါတီငယ်များ အခွင့်အရေးနည်းပြီး ပါတီများ၏ ရှင်သန်တိုးတက်မှုကို ဟန့်တားရာ ရောက်သည့်အတွက် လက်မခံခြင်း ဖြစ်ကြောင်း၊ ပီအာစနစ် ပေါ်ပေါက်လာပါက ကြိုတင်ပြင်ဆင်မှု အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများကို အကူအညီပေးနိုင်မည့် ငြိမ်းချမ်းရေးစ င်တာတစ်ခု ထူထောင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ ယင်းစင်တာ အနေဖြင့် ပြည်ထောင်စု အစိုးရက ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများကို ယှဉ်ပြိုင်ရန် မဟုတ်ဘဲ ကူညီရန်အတွက် ရန်ပုံငွေ ရရှိပါက ထူထောင်မည်ဖြစ်ကြောင်း ဦးဇိုဇမ်က ပြောကြားသည်။
EMG

0 comments:
Post a Comment