Monday, June 10, 2013

တရုတ်နိုင်ငံတွင် လူပေါင်း ၄၇ ဦး သေဆုံးခဲ့သည့် ကားမီးလောင်မှုသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်လိုသော အမျိုးသားတစ်ဦး၏ လက်ချက်ဟုဆို






ပေကျင်း ဇွန် ၉

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှာမန်ဆိပ်ကမ်းမြို့တွင် ဇွန် ၇ ရက် ညနေက ခရီးသည်များအား သယ်ဆောင်လာသော ကားတစ်စီး မီးလောင်ကျွမ်းမှုသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်း

ကြံစည်လိုသော ချန်ရှီကျုံးအမည်ရှိ အမျိုးသားတစ်ဦး၏ လက်ချက်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။ ရှာမန်မြို့ရှိ အဆိုပါ အမျိုးသား၏ နေအိမ်တွင် ၎င်း၏ သေကြောင်းကြံစည် မှုစာကို ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့ကြောင်း၊ သေဆုံးသူများ စာရင်း၌လည်း ယင်းအမျိုးသား၏ အမည်ပါဝင်ကြောင်း သိရသည်။ အသက် ၆ဝ ခန့်အရွယ်ရှိ ချန်ရှီကျုံးသည် ၎င်း၏ဘဝမှာ ပျော်ရွှင်မှု မရှိခြင်းကြောင့်နှင့် ၎င်း၏ ဒေါသ အား ပြေပျောက်စေရန် အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ အစိုးရအဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ပြောကြားသည်။

ကျုံးသည် ကားအား ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ခရီးသည် ၄၇ ဦး သေဆုံးပြီး အခြား ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကားမှာ ၁ဝ မိနစ်အတွင်း ပျက်စီးခဲ့ရပြီး ပေါက်ကွဲသံများကို ကြားခဲ့ ရကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနက သတင်းထုတ်ပြန်သည်။

0 comments:

Post a Comment