Monday, June 10, 2013

အခြေခံပညာ ကျောင်းအချို့တွင် မူလတန်း ကျော င်းသားများအတွက် ထောက် ပံ့ငွေနှင့် ကျောင်းသုံး စာအုပ်များ ပေးအပ်ရန် ကျန်ရှိနေသေးကြောင်း သိရ


Monday, June 10, 2013

အခြေခံ ပညာကျောင်းများတွင် ၂၀၁၃-၁၄ ပညာသင်နှစ်၌ မသင်မနေရ မူလတန်း ပညာရေး စနစ်အရ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ များအတွက် နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ထောက်ပံ့ငွေနှင့် ကျောင်းသုံး စာအုပ်များအား ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ ၌ ပေးအပ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများသို့ တစ်ဦးလျှင် ကျောင်းသုံးဖတ်စာအုပ် အပြည့်အစုံ၊ လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်နှင့်ငွေ ကျပ် ၁၀၀၀ စီတို့အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်နှံစဉ်ကပင် ပေးအပ်ရန် ညွှန်ကြားထားခြင်း ဖြစ်သော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ ကျောင်းအချို့၌ ကျောင်းအပ်နှံသူများ အနေဖြင့် အဆိုပါ ထောက်ပံ့မှုများအား အပြည့်အစုံ မရရှိသေးကြောင်း သိရသည်။

သို့ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိ အခြေခံပညာ ကျောင်းအချို့တွင် ထောက်ပံ့မှုများအား ပေးအပ်ရန် နှောင့်နှေးကြန့်ကြာမှုများ ရှိကြောင်း သိရသည်။

"ကျွန်မသမီးက လေးတန်းကို တက်ဖို့အတွက် ကျောင်းသွားအပ်တာ အလှူငွေကတော့ မကောက်ပါဘူး။ ဗလာစာအုပ် ခြောက်အုပ်ရတယ်။ ပုံနှိပ်စာအုပ်လည်း အပြည့်အ၀ ရပါတယ်။ ဒါပေမဲ့ ပိုက်ဆံကတော့ မရခဲ့ပါဘူး" ဟု ရွှေဘိုမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

"ကျွန်မတို့က ဇွန် ၁၅ ရက်မှာ ကျောင်းအုပ်တွေကို အစည်းအဝေးခေါ်ပြီး ကျောင်းအုပ်တွေကတစ်ဆင့် ပိုက်ဆံကို ကျောင်းသားလက်ထဲ ထည့်ပေးမှာပါ။ ဘဏ်ကနေ မထုတ်ရသေးလို့ပါ။ ဘဏ်ကနေ ထုတ်ပြီးတာနဲ့ ကျောင်းသားလက်ထဲ အရောက်ထည့်ပေး သွားမှာပါ" ဟု ရွှေဘိုမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

EMG

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းတစ်ကျောင်း၌ ကျောင်းအပ်လက်ခံ နေစဉ်

0 comments:

Post a Comment